ဟောင်ကောင်၌တိုင်ဖွန်းမုန်တိုင်းကြောင့် နှစ်ပေါင်း ၁၄၀ အတွင်း စံချိန်တင်မိုးရွာသွန်းကာရေကြီးခဲ့

0
268
A general view of a flooded street after heavy rainstorms triggered a 'Black Rainstorm Warning' from the city’s weather observatory, in Hong Kong on September 7, 2023. (Photo by Matt Surrusco / AFP)

ဟောင်ကောင်၊စက်တင်ဘာ ၈

ဟောင်ကောင်တွင်တိုင်ဖွန်းမုန်တိုင်းကြောင့် နှစ်ပေါင်း ၁၄၀ အတွင်းစံချိန်တင်မိုးရွာသွန်းခဲ့ပြီး လမ်းများ၊ရထားဘူတာများ၊ကားရပ်နားရန် နေရာများအပါအဝင် နေရာအတော်များများ၌ ရေလွှမ်းမိုးမှုများဖြစ်ပေါ်ကာ ကျောင်းများပိတ်ထားရပြီး အလုပ်သမားများကိုပါ လုပ်ငန်းခွင်ရပ်နားပေးထားရကြောင်း အာဏာပိုင်များကပြောကြားခဲ့သည်။

“အခုရက်ပိုင်းအတွင်း တိုင်ဖွန်းမုန်တိုင်းကြောင့် မိုးစံချိန်တင်ရွာသွန်းနေတာမို့ ရေကြီးရေလျှံမှုများဖြစ်လာနိုင်တဲ့အတွက် မြစ်ကမ်း၊ချောင်းကမ်းနားနေတဲ့ပြည်သူတွေအနေနဲ့ မပေါ့ဆဘဲသတိရှိဖို့အကြံပေးလိုပါတယ်” ဟုလည်း အာဏာပိုင်များကကြေငြာချက်ထုတ်ပြန်ထားသည်။

“ရေကြီးရေလျှံမှုများဖြစ်ပေါ်နေသော်လည်း သေဆုံးထိခိုက်ဒဏ်ရာရရှိမှုတော့မရှိသေးပါဘူး” ဟုအာဏာပိုင်များကပြောကြားခဲ့ပြီး မြို့တော် အမှုဆောင်အရာရှိချုပ် ဂျွန်လီကမူ ပြင်းထန်သောရေကြီးရေလျှံမှုများဖြစ်ပေါ်နေသဖြင့် အလွန်စိုးရိမ်မိကြောင်းနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် အရေးပေါ်အခြေအနေအတွက် တတ်စွမ်းသမျှအင်တိုက်အားတိုက်လုပ်ဆောင်ပေးရန်လည်းညွှန်ကြားထားသည်။

ရေကြီးရေလျှံမှုနှင့်ဆိုးရွားသောယာဉ်ကြောပိတ်ဆို့မှုများကြောင့်လည်း ကျောင်းများအားလုံးကိုပိတ်ထားခဲ့ရကြောင်းအာဏာပိုင်များကပြောကြားခဲ့သည်။ ဟောင်ကောင်၌သာမက တရုတ်နိုင်ငံ၌လည်း ၁၉၅၂ ခုနှစ်နောက်ပိုင်းကာလအတွင်း မိုးစံချိန်တင်ရွာသွန်းခဲ့ကြောင်းသိရသည်။

Source : CNA
photo – AFP


LEAVE A REPLY

Please enter your comment!
Please enter your name here