စက်တင်ဘာ (၁၁) ရက်မှ စတင်၍ သာမန်နိုင်ငံကူးလက်မှတ်သက်တမ်းတိုးလျှောက်ထားမှု ပြန်လည်ဆောင်ရွက်ပေးမည်

0
230

တောင်ကိုရီးယားရောက် မြန်မာများအတွက် သာမန် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးလျှောက်ထားမှုကို လာမည့် စက်တင်ဘာလ (၁၁) ရက် မှစတင်ပြီး ပြန်လည်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်ထားသည်။

အဆိုပါ သာမန်နိုင်ငံကူးလက်မှတ် လျှောက်ထားမှုများအဆင်ပြေချောမွေ့စေရန်အတွက် နိုင်ငံကူးလက်မှတ် ထုတ်ပေးသည့် စက်ကိုပြုပြင်ထိန်းသိမ်းသည့်လုပ်ငန်း ဆောင်ရွက်ခဲ့ခြင်းကြောင့်စက်တင်ဘာ (၁) ရက်မှ စတင်ပြီးယာယီပိတ်ထားခဲ့ခြင်း ဖြစ်သည်။

ယခုအခါ ပြုပြင်ထိန်းသိမ်းသည့်လုပ်ငန်းများ ပြီးစီးသွားသည့်အတွက် စက်တင်ဘာ (၁၁) ရက် မှစတင်ကာပြန်လည် လုပ်ဆောင်ပေးရန် သံရုံးမှ အသိပေးကြေညာထားခြင်း ဖြစ်သည်။

နိုင်ငံကူးလက်မှတ် သက်တမ်းတိုးမည့်သူများ အနေဖြင့် တနင်္လာနေ့မှ သောကြာနေ့အထိ ပုံမှန်အတိုင်း ပြန်လည်လက်ခံပေးမည်ဖြစ်ပြီး သံရုံးမှ ထုတ်ပြန်ထားသည့် ဖုန်းနံပါတ်များထံ ဆက်သွယ်၍ အနည်းဆုံးသုံးရက်ကြိုတင်ရက်ချိန်းရယူရန်လည်း သံရုံးက အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here