အောင်ပွဲရ မြန်မာ့လက်ရွေးစင် ကာယဗလ အားကစားအဖွဲ့ ပြန်လည်ရောက်ရှိလာ

0
322

နီပေါနိုင်ငံ၊ ခတ္တမန္ဒူမြို့၌ ကျင်းပခဲ့သည့် (၅၅) ကြိမ်မြောက် အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အောင်ပွဲရမြန်မာ့လက်ရွေးစင်ကာယဗလအားကစားအဖွဲ့ စက်တင်ဘာ (၈) ရက်နံနက်ပိုင်းက ရန်ကုန်လေဆိပ်သို့ ပြန်လည်ရောက်ရှိလာခဲ့ကြကြောင်း သိရသည်။

ပြန်လည်ရောက်ရှိလာသည့် မြန်မာ့လက်ရွေးစင် ကာယဗလအား ကစားအဖွဲ့အား ရန်ကုန် ဒု-မြို့တော်ဝန် ဦးညီညီ ဦးဆောင်ကာ ရန်ကုန်တိုင်းအားကစားနှင့် ကာယပညာကော်မတီ ဥက္ကဋ္ဌ ရန်ကုန်တိုင်း ဥပဒေချုပ် ဦးဌေးအောင်နှင့်တာဝန်ရှိသူများ၊ ပြည်သူများက ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။

(၅၅)ကြိမ်မြောက် အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲအား နီပေါနိုင်ငံ၊ ခတ္တမန္ဒူမြို့၌ စက်တင်ဘာ (၁) ရက်မှ (၇) ရက်အထိ ကျင်းပခဲ့ရာ မြန်မာ့လက်ရွေးစင်ကာယဗလအားကစားအဖွဲ့မှ Men’s Sports Physique (Up to 175 Cm)ပြိုင်ပွဲ၌ ငြိမ်းချမ်းက ရွှေတံဆိပ် (၁) ခုအပါအဝင် အခြားပြိုင်ပွဲဝင်များမှ ငွေတံဆိပ် (၂) ခု၊ ကြေးတံဆိပ် (၃) ခု၊ စတုတ္ထဆု (၃)ဆုနှင့် ပဉ္စမဆု (၁) ဆုဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here