ရခိုင်ပြည်နယ်အတွင်း အသုံးပြုမြေများနှင့် လူဦးရေ ကိုက်ညီမှုမရှိသောကြောင့် SOP များကို ရေးဆွဲမည်

0
159

ရခိုင်ပြည်နယ်အတွင်း အသုံးပြုမြေများနှင့် လူဦးရေ ကိုက်ညီမှု မရှိသောကြောင့် ပြည်သူများအတွက် စနစ်ကျပြီး နိုင်ငံတော်အတွက် ထိရောက်အကျိုးရှိမည့် လုပ်ထုံးလုပ်နည်းစံနှုန်း (Standard Operating Procedure – SOP) များကို ဝိုင်းဝန်းပူးပေါင်း အကောင်အထည်ဖော်ရေးဆွဲရန်လိုအပ်ကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ပြောသည်။

လယ်မြေ၊ ယာမြေနှင့် အခြားသော မြေအမျိုးမျိုးတို့မှာ ခွင့်ပြုချက်ဖြင့် ဖြစ်စေ၊ ခွင့်ပြုမဲ့ဖြစ်စေ အခြားနည်း အသုံးပြုမှုများရှိနေသည်ကို တွေ့နေရကြောင်း၊ မည်သို့ပင်ဆိုစေကာမူ ပြည်နယ်အတွင်းမှီတင်း နေထိုင်ကြသည့် ပြည်သူများအတွက် စနစ်ကျပြီး နိုင်ငံတော်အတွက် ထိရောက်အကျိုးရှိမည့် လုပ်ထုံးလုပ်နည်း စံနှုန်း (Standard Operating Procedure – SOP) များကို အားလုံးက ဝိုင်းဝန်း ပူးပေါင်းအကောင်အထည်ဖော် ရေးဆွဲကြရမည်ဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ပြောသည်။

စက်တင်ဘာ (၇) ရက်က ရခိုင်ပြည်နယ်အစိုးရအဖွဲရုံး အစည်းအဝေးခန်းမ၌ လယ်ယာမြေကို အခြားနည်း သုံးစွဲထားမှုများ ဖြေရှင်းရမည့် နည်းလမ်းနှင့် နောက်ထပ်မဖြစ်ပွားစေရေးအတွက် ဆောင်ရွက်မည့်နည်းလမ်းများ လုပ်ထုံးလုပ်နည်း စံနှုန်း (Standard Operating Procedure – SOP) ရေးဆွဲပြုစုရေး (၁/၂၀၂၃) ပြည်နယ်လုပ်ငန်းကော်မတီ ညှိနှိင်းအစည်းအဝေးတွင် ဝန်ကြီးက ပြောဆိုခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အမိန့်ကြော်ငြာစာထုတ်ပြန်၍ စနစ်တကျ ဖွဲ့စည်းပေးထားသည့် ကော်မတီဝင်များ အနေဖြင့် လိုအပ်သော လုပ်ထုံးလုပ်နည်း၊ စံနှုန်းရေးဆွဲရာတွင် ဆက်စပ်ဌာနများနှင့် ပေါင်းစပ်ပြီး ပြည့်ပြည့်စုံစုံရေးဆွဲကြရမည်ဖြစ်ကြောင်းလည်း ဝန်ကြီးက ဆက်လက်ဆွေးနွေးသည်။

တာဝန်ရှိသူများနှင့် ခရိုင်များအနေဖြင့်လည်း မိမိခရိုင်အတွင်း နယ်မြေဒေသ အခြေအနေနှင့် ကိုက်ညီပြီး နှစ်ဦးနှစ်ဖက်အကျိုးဖြစ်ထွန်းနိုင်မည့် အခြေအနေကို ဦးတည်၍ မိမိတို့ ဖြတ်သန်းလာရသော အတွေ့အကြုံများ၊ မိမိတို့ဌာန၏ ရှုထောင့်များမှ ဝိုင်းဝန်းအကြံပြု ဆွေးနွေးပြီး ရခိုင်ပြည်နယ်အတွက် သင့်လျော်ကောင်းမွန်သော လုပ်ထုံး လုပ်နည်း၊ စံနှုန်းထွက်ပေါ် လာရေးဝိုင်းဝန်းဆွေးနွေးပေးကြရန် လိုအပ်ကြောင်း ဝန်ကြီးက ဆိုသည်။

ရခိုင်ပြည်နယ်တွင် မြေဧရိယာ စုစုပေါင်း (၉) ဒသမ (၀၈) ဧကသန်းရှိပြီး ပြည်နယ်အတွင်း မှီတင်းနေထိုင်သူ လူဦးရေ (၃) ဒသမ (၃) သန်းကျော်ရှိကြောင်း၊ မြို့မြေ၊ ရွာမြေဧက (၅၆၆၅၇ )ဧကသာရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here