(၅)လအတွင်း နယ်စပ်ကုန်သွယ်မှုတန်ဖိုး ကန်ဒေါ်လာ (၄) ဘီလီယံကျော် ရရှိထားပြီး ယမန်နှစ်ထက် ကုန်သွယ်မှုတန်ဖိုးမြင့်တက်ခဲ့

0
169

ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်ဖြစ်သည့် ပထမ (၅)လတာကာလအတွင်း မြန်မာနယ်စပ်ကုန်သွယ်မှုတန်ဖိုး ကန်ဒေါ် လာ (၄) ဘီလီယံကျော် ကုန်သွယ်မှုဆောင်ရွက်ထားနိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသည့် စာရင်းအချက်အလက်များအရ သိရသည်။

၂ဝ၂၃-၂ဝ၂၄ ဘဏ္ဍာနှစ် ဧပြီလ (၁) ရက်မှ စက်တင်ဘာ (၁) ရက်အထိ မြန်မာနယ်စပ် ကုန်သွယ်မှု ပမာဏ ကန်ဒေါ်လာ ၄ ဒသမ ၁၁ ဘီလီယံကျော်ရှိခဲ့ပြီး ယခင်ဘဏ္ဍာနှစ်ကာလတူတွင် ကန်ဒေါ်လာ ၃ ဒသမ ၃၇ ဘီလီယံကျော်ရှိခဲ့သည့်အတွက် ယခုဘဏ္ဍာနှစ်တွင် နယ်စပ်ကုန် သွယ်မှုတန်ဖိုး ကန်ဒေါ်လာ ၇၃၇ ဒသမ ၇၂၅ သန်းမြင့်တက်လာခဲ့‌ခြင်း ဖြစ်သည်။

ယခု ဘဏ္ဍာနှစ်အတွင်း နယ်စပ်ကုန်သွယ်မှုတွင် မြန်မာ – တရုတ် နယ်စပ်ကုန်သွယ်မှုမှ ကန်ဒေါ်လာ ၁ ဒသမ ၇၀ ဘီလီယံ၊ မြန်မာ – ထိုင်းနယ်စပ်ကုန်သွယ်ရေးတွင် ကန်ဒေါ်လာ ၂ ဒသမ ၃၉ ဘီလီယံ၊ မြန်မာ – ဘင်္ဂလားဒေ့ရှ်နယ်စပ်ကုန်သွယ်ရေးတွင် ကန်ဒေါ်လာ ၇ ဒသမ ၄၄၈ သန်းနှင့် မြန်မာ – အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးတွင် ကန်ဒေါ်လာ ၂ ဒသမ ၂၉၀ သန်း ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ကာလအတွင်း နယ်စပ်ပို့ကုန်တန်ဖိုးသည် ကန်ဒေါ်လာ ၂ ဒသမ ၆၃ ဘီလီယံရှိပြီး သွင်းကုန်တန်ဖိုး ကန်ဒေါ်လာ ၁ ဒသမ ၄၇ ဘီလီယံ ဆောင်ရွက်ထားခြင်းဖြစ် ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here