တာမွေမြို့နယ်တွင် အမျိုးသား (၁) ဦး စွန့်ပစ်ခံရမှုဖြစ်ပွား 

0
245

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ မြင်တော်သာ ( ၂)လမ်းတွင် နေထိုင်သည့် အမျိုးသား (၁) ဦးအား တာမွေမြို့နယ် တာမွေကြီး (က+ဂ) ရပ်ကွက် (၁၅၇) လမ်းထဲသို့ လာရောက်စွန့်ပစ်မှု ဖြစ်ပွားခဲ့ကြောင်း မြန်မာမွတ်စလင်မ် ပရဟိတအဖွဲ့ (MMRO)မှ သိရသည်။

ထိုသို့ လာရောက် စွန့်ပစ်ခံရသူ အမျိုးသားမှာ လုံခြုံရေးဝန်ထမ်းတစ်ဦးဖြစ်ပြီး စက်တင်ဘာ (၇) ရက်ညက စွန့်ပစ်ခံရခြင်းဖြစ်ကာ ၎င်းအား စက်တင်ဘာ(၈)ရက်နံနက်တွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းအားတွေ့ရှိချိန်တွင် တစ်ညလုံး မိုးမိကာအအေးပတ်သည့်အရှိန်ဖြင့် လေဖြန်းနေကြောင်း သိရသည်။

၎င်းပြောပြချက်အရ ညီမဖြစ်သူမှာ တာမွေမြို့နယ် ဗျိုင်းရွာမရပ်ကွက် အောင်ချမ်းသာလမ်းနေထိုင်သူ ဖြစ်ကြောင်း သိရကာ ညီမဖြစ်သူကို ဆက်သွယ်၍ ရပ်ကွက်အုပ်ချုပ်ရေးမှုးထောက်ခံချက်ဖြင့် သန်လျင်မြို့နယ် သဘာဝတရားရိပ်သာရှိ ကွန်းခိုရာ ဆေးရုံသို့ မြန်မာမွတ်စလင်မ်ပရဟိတအဖွဲ့ (MMRO)မှ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here