ရေနံချောင်းမြို့နယ်တွင် ကမ်းပြိုခြင်းကြောင့် ယာယီရွှေ့ပြောင်းခဲ့ရသည့် အိမ်ထောင်စု (၆၂) စုအား ထောက်ပံ့ပစ္စည်းများပေးအပ်

0
176

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်ရှိ မိန်းမလှကျွန်းကျေးရွာနှင့် ရုံးဆိပ်ကျွန်း ကျေးရွာတို့မှ ကမ်းပြိုခြင်းကြောင့် ယာယီရွှေ့ပြောင်းခဲ့ရသည့် အိမ်ထောင်စု (၆၂) စုအား စက်တင်ဘာ (၇)ရက်မွန်းလွဲပိုင်းက ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ပစ္စည်းများအား မကွေးတိုင်းဝန်ကြီးချုပ်ဦးတင့်လွင်က မာန်မြေကျေးရွာအုပ်စု၊ မိန်းမလှကျွန်းကျေးရွာမှ အိမ်ထောင်စု (၂၆)စုနှင့် ရုံးဆိပ်ကျွန်းကျေးရွာ အုပ်စု၊ ရုံးဆိပ်ကျွန်းကျေးရွာမှ အိမ်ထောင်စု(၃၆)စုတို့အား ပေးအပ်ခဲ့ခြင်းဖြစ်သည်။

ထို့အတူ ပင်းဝကျေးရွာအုပ်စုရှိ အမှတ်(၁၁၈)အခြေခံ ပညာမူလတန်းလွန်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအတွက် ဗလာ စာအုပ်များလည်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မကွေးတိုင်းဝန်ကြီးချုပ်သည် ချောက်မြို့နယ်ဘက်မှ ဧရာဝတီမြစ်တစ်လျှောက် စက်ရေယာဉ်ဖြင့် ကျေးရွာများတွင် မြစ်ရေဝင်ရောက်မှုနှင့် ကမ်းပြိုကမ်းစားနေမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့အတူ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ၂၈၄ ဒသမ ၁၂၆ သန်းဖြင့်ဆောင်ရွက်သည့် Geo Tube အခြေပြု Soft Type Revetment အလျား (၅၅၇)ပေ ပင်းဝကျွန်းကျေးရွာဆိပ်ကမ်း ကမ်းပြိုကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းဆောင်ရွက်နေမှုများကိုလည်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here