ချမ်းအေးသာစံမြို့နယ်ရှိ စားသောက်ဆိုင်တစ်ဆိုင်တွင်မီးလောင်မှုဖြစ် ၄ ဦးဒဏ်ရာရ

0
151

မန္တလေးတိုင်း၊ချမ်းအေးသာစံမြို့နယ်၊မောရဂီဝါရပ်ကွက်ရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် စက်တင်ဘာ ၈ ရက်ညပိုင်းကမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့်လူမှုကူညီ‌ရေးအသင်းများမှ သိရသည်။

ယမန်နေ့ည ၉ နာရီခွဲကျော်ခန့်က ချမ်းအေးသာစံမြို့နယ်၊မောရဂီဝါရပ်ကွက်ရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် မီးလောင်မှုဖြစ်ပွား၍ ချမ်းအေးသာစံမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊လူမှုကူညီရေးအသင်းဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသည်။

“မီးလောင်ချိန် ၁၅ မိနစ်ကျော်လောက်ကြာပါတယ် ပျက်စီးဆုံးရှုံးမှုသိပ်မရှိပေမယ့် အမျိုးသား ၄ ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

မီးလောင်မှုအား ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် ည ၉ နာရီ ၅၀ မိနစ်၌ မီးငြိမ်းသွားခဲ့ပြီး အမျိုး သား ၁ ဦးမှာ(စိုးရိမ်ရ)ဒဏ်ရာနှင့်အမျိုးသား ၃ ဦးမှာ(မစိုးရိမ်ရ)ဒဏ်ရာများရရှိခဲ့ကြသဖြင့် ပရဟိတလူမှုကူညီရေးအသင်းမှ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here