အရှေ့ဖျားစီးပွားရေးဖိုရမ်တက်ရောက်ရန် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး ရုရှားနိုင်ငံသို့ထွက်ခွာ

0
741

အဋ္ဌမအကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်တက်ရောက်ရန် နစက ဒု-ဝန်ကြီးချုပ်နှင့်ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီးမြထွန်းဦးသည် စက်တင်ဘာ ၈ ရက်နံနက်ပိုင်းက လေကြောင်းခရီးဖြင့် ရုရှားနိုင်ငံသို့ထွက်ခွာသွားခဲ့သည်။

ဒု-ဝန်ကြီးချုပ်သည် ရုရှားနိုင်ငံသမ္မတ၏ အကြံပေးနှင့်ဖိုရမ်ကျင်းပရေးကော်မတီ အမှုဆောင်အတွင်းရေးမှူး မစ္စတာအန်တွန်ကိုဘရာကော့၏ ဖိတ်ကြားမှုအရသွားရောက်ခြင်းဖြစ်ကာ ဖိုရမ်အား စက်တင်ဘာ ၁၀ ရက်မှ ၁၃ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။

ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီး သွားလာရေးဝန်ကြီးဌာနတို့မှပြည်ထောင်စုဝန်ကြီးများ၊ဗဟိုဘဏ်ဥက္ကဋ္ဌ၊တာဝန်ရှိသူများနှင့် UMFCCI မှအထွေထွေအတွင်းရေးမှူးချုပ်တို့ လိုက်ပါသွားခဲ့ကြသည်။

ဒု-ဝန်ကြီးချုပ်နှင့်အဖွဲ့အား ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ ဝန်ကြီးဌာနများမှ ဒု-ဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံရုံးမှ တာဝန်ရှိသူများက ရန်ကုန်လေဆိပ်၌ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here