အိမ်သုံးမီတာဖြင့် စီးပွားရေးလုပ်ကိုင်နေမှုများ ရှိ/ မရှိ လျှပ်စစ်ဌာနမှ လိုက်လံစစ်ဆေးနေ

0
1114

လူနေရပ်ကွက်များအတွင်း အိမ်သုံးမီတာ အသုံးပြုပြီး စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နေမှု ရှိ/ မရှိကို လျှပ်စစ်ဌာနမှ ရပ်ကွက်များအတွင်း မြေပြင်ကွင်းဆင်းကာ လိုက်လံစစ်ဆေးနေပြီဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သိရသည်။

ရပ်ကွက်များအတွင်း အိမ်သုံးမီတာ အသုံးပြုကာ စီးပွားရေးလုပ်ငန်းလုပ်ကိုင်မှုများရှိပါက စီးပွားရေးလုပ်ငန်းသုံး ပါဝါမီတာစနစ်ဖြင့် လျှပ်စစ်ဓာတ်အားအသုံးပြုရမည်ဖြစ်သောကြောင့် လိုက်လံစစ်ဆေးနေခြင်းဖြစ်သည်။

“အိမ်သုံးဆိုရင်တော့ အိမ်သုံးမီတာနဲ့ပဲ အသုံးပြုပေါ့။ စီးပွားရေးလုပ်မယ်ဆိုရင်တော့ ပါဝါမီတာနဲ့ သုံးပေါ့။ ဟိုးအရင် အချိန်တွေကတည်းက ဒီလိုမျိုး လိုက်စစ်တာတွေက ရှိပါတယ်။”ဟု ရန်ကုန်မြို့တွင် နေထိုင်သူ တစ်ဦးက ပြောသည်။

အိမ်သုံးမီတာဖြင့် စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေသော လူသုံးကုန်၊ ဆေးဝါး၊ စားသောက်ကုန်နှင့် စားသောက်ဆိုင်များအစရှိသည့် ဆိုင်များကို ပါဝါမီတာစနစ် စီးပွားရေးနှုန်းထားဖြင့် ကောက်ခံရန် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ၂၀၀၈ ခုနှစ် မတ်လ ၂၆ ရက် ရက်စွဲပါစာအမှတ်၊ ဘ-၈-ဌ/ ၁၉၅ ဖြင့် ညွှန်ကြားချက်ထုတ်ပြန်ပြီး ကောက်ခံခဲ့ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here