ရုရှားကိုမြောက်ကိုရီးယားက စစ်ရေးအရကူညီခြင်း သည် မဟာအမှားဖြစ်သည်ဟု ကန်ဒုသမ္မတဆို

0
385
US Vice President Kamala Harris leaves after attending the East Asia Summit as part of the 43rd Association of Southeast Asian Nations (ASEAN) Summit in Jakarta on September 7, 2023. (Photo by Achmad Ibrahim / POOL / AFP)

ဝါရှင်တန်၊စက်တင်ဘာ ၈

ယူကရိန်းစစ်မြေပြင်၌အသုံးပြုရန် မြောက်ကိုရီးယားဘက်မှရုရှားထံသို့လက်နက်ထောက်ပံ့ရန်ကြိုးပမ်းခြင်းသည် မြောက်ကိုရီးယားအတွက် မဟာအမှားတစ်ခုဖြစ်လာလိမ့်မည်ဟု အမေရိကန်ဒုသမ္မတကမ်မလာဟဲရစ်ကပြောကြားခဲ့သည်။

အမေရိကန်ထောက်လှမ်းရေးအရာရှိဟောင်းတစ်ဦးကမူ ရုရှားထံလက်နက်ထောက်ပံ့ခြင်းကြောင့် မြောက်ကိုရီးယားအတွက်လည်း တစ်နည်းနည်းနှင့်အကျိုးရှိနိုင်သည်ဟုသုံးသပ်ခဲ့သည်။

မြောက်ကိုရီးယားနှင့်ရုရှားအကြား လက်နက်ဆိုင်ရာဆွေးနွေးညှိနှိုင်းမှုများတိုးတက်လာခြင်းအပေါ် အမေရိကဘက်မှစိုးရိမ်မှုများရှိလာသကဲ့သို့ မကြာမီအချိန်အတွင်း ကင်မ်ဂျုံအမ်းရုရှားသွားကာ သမ္မတပူတင်နှင့်လက်နက်အရေးဆွေးနွေးမည်ဟုလည်းသိရသည်။

အာဆီယံထိပ်သီးအစည်းအဝေးတက်ရောက်ရန် အင်ဒိုနီးရှားသို့ရောက်ရှိနေသည့် ဒုတိယသမ္မတဟဲရစ်က ရုရှား၏မြောက်ကိုရီးယားထံမှလက်နက်အကူအညီယူခြင်းသည် စိတ်ပျက်စရာဖြစ်ပြီးနှစ်နိုင်ငံလုံးအား နိုင်ငံတကာအသိုင်းအဝိုင်းနှင့်ပို၍ ဝေးကွာသွားစေနိုင်သည်ဟုဆိုခဲ့သည်။

အိမ်ဖြူတော် နိုင်ငံတော်လုံခြုံရေးအကြံပေး မစ္စတာဂျိတ်ခ်ဆူလဗန်ကမူ မြောက်ကိုရီးယားအနေဖြင့်ရုရှားအား လက်နက်ထောက်ပံ့မှုပြုလုပ်ပါက ကြီးမားစွာပြန်၍ ပေးဆပ်ရလိမ့်မည်ဟုလည်းပြောကြားခဲ့သည်။

Source : Reuters

Photo – AFP


LEAVE A REPLY

Please enter your comment!
Please enter your name here