လှိုင်သာယာတွင် ကလေးငယ်တစ်ဦးအပါအဝင် မိသားစုဝင် ၃ ဦးအားသတ်ဖြတ်ခဲ့သူအား ဖမ်းဆီးရမိ

0
374

ရန်ကုန်တိုင်း၊လှိုင်သာယာမြို့နယ်၊အမှတ်(၁၈)ရပ် ကွက်၊အနန္တသူရိရလမ်းရှိ နေအိမ်တစ်အိမ်တွင် အ သက်(၉)နှစ်အရွယ်ရှိ ကလေးငယ်တစ်ဦးအပါအဝင် မိသားစုဝင် ၃ ဦးအားသတ်ဖြတ်ခဲ့သူအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်သည် စက်တင်ဘာ ၄ ရက်နံနက်ပိုင်းက လှိုင်သာယာမြို့နယ်၊အမှတ်(၁၈)ရပ်ကွက်၊အနန္တသူရိရလမ်းရှိ နေအိမ်တစ်အိမ်တွင် အိမ်ရှင်ဖြစ်သူလင်မယားနှစ်ဦးနှင့်၎င်းတို့၏သားဖြစ်သူ အသက်(၉)နှစ်အရွယ်ရှိ ကလေးငယ်တို့မှာ ဓားဒဏ်ရာများဖြင့်သေဆုံးနေသဖြင့် ပြစ်မှုကျူးလွန်သူအားဖမ်းဆီးရမိရန် ရဲတပ်ဖွဲ့ဝင်များက အမှုဖွင့်လှစ်ကာစုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ကြသည်။

“ပြစ်မှုကျူးလွန်တဲ့လူကို ဖမ်းမိထားတယ်လို့သိရပါတယ် ဘယ်နေ့ကဖမ်းမိတယ်ဆိုတာတော့ ကျွန်တော်တို့မသိရပါဘူး တာဝန်ရှိတဲ့လူတွေနဲ့နီးစပ်တဲ့လူတွေပြောပုံအရဆိုရင် ပိုက်ဆံချေးထားတာကို ပြန်မပေးသေးတဲ့အတွက် တောင်းတာမှာစကားများပြီး လူသတ်မှုကျူးလွန်ခဲ့တာလို့ သိထားတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိခဲ့သဖြင့် တာဝန်ရှိသူများမှ ဥပဒေအရထိရောက်စွာအရေးယူရန် ဆက်လက်စစ်ဆေးမှုများပြုလုပ်ပြီး တရားစွဲဆိုသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here