ငါန်းဇွန်မြို့နယ်တွင် လဖက်ရည်ဆိုင်ပိုင်ရှင်မိသားစုဝင် ၄ ဦး ဓားဖြင့်ထိုးခုတ်ခံရ၍ ၃ ဦးသေဆုံး

0
234

မန္တလေးတိုင်း၊ငါန်းဇွန်မြို့နယ်၊နတ်ကြီးကျေးရွာရှိ လဖက်ရည်ဆိုင်ပိုင်ရှင်မိသားစုဝင် ၄ ဦး စက်တင် ဘာ ၉ ရက်(ယနေ့)ညနေပိုင်းက ဓားဖြင့်ထိုးခုတ်ခံခဲ့ရ၍ ၃ ဦးသေဆုံးကာ ၁ ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယနေ့ညနေ ၄ နာရီခွဲခန့်က အမည်မသိအမျိုးသား ၇ ဦးသည် ငါန်းဇွန်မြို့နယ်၊နတ်ကြီးကျေးရွာ၏ ရွာလယ်တွင်ဖွင့်လှစ်ထားသည့် လဖက်ရည်ဆိုင်သို့ရောက်ရှိလာကာ ဆိုင်ပိုင်ရှင်ဦးမြင့်ခိုင်(၄၅)နှစ်၊၎င်း၏ဇနီးဖြစ်သူနှင့်သမီး ၂ ဦးတို့အား ဓားများဖြင့်ထိုးခုတ်ခဲ့ကြသည်။

“အခင်းဖြစ်ပြီးချိန်ကစပြီး ပြစ်မှုကျူးလွန်သွားတဲ့လူတွေကို ဖမ်းဆီးရမိဖို့အတွက် စုံစမ်းစစ်ဆေးတာတွေ ပိတ်ဆို့ရှာဖွေတာတွေလုပ်နေပါတယ်၊ အခင်းဖြစ်ချိန်ဆိုင်ထဲမှာလူတွေရှိနေပေမယ့် ဓားတွေနဲ့ဆိုတော့ကြောက်လန့်ပြီး ဝင်မတားရဲကြတာလို့ပြန်ကြားရတယ်”ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။

ထိုသို့ ထိုးခုတ်ခံရမှုကြောင့် ဆိုင်ရှင်ဖြစ်သူ ဦးမြင့်ခိုင်၊ဇနီးဖြစ်သူ ဒေါ်မြင့်မြင့်ဌေး(၄၃)နှစ်နှင့် မမြတ်စုမွန်(၁၄)နှစ်တို့မှာ ထိုးသွင်းပြတ်ရှဒဏ်ရာများရရှိ၍ အခင်းဖြစ်နေ ရာ၌ သေဆုံးသွားခဲ့ကြကြောင်း သိရသည်။

ထို့ပြင် သမီးဖြစ်သူ မအိအိငြိမ်း(၁၇)နှစ်တွင်လည်း ထိုးသွင်းပြတ်ရှဒဏ်ရာများ(စိုးရိမ်ရ)ရရှိခဲ့သဖြင့် တိုက်နယ်ဆေးရုံမှတဆင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here