ထိုက်သင့်သည့်အရေးယူမှုများဆောင်ရွက်ခဲ့၍ စားသုံးဆီစျေးနှုန်းပြန်လည်ကျဆင်းခဲ့ဟုနစကဥက္ကဋ္ဌဆို

0
154

စက်တင်ဘာ ၉ ရက်နံနက်ပိုင်းက ရှမ်းပြည်နယ် (မြောက်ပိုင်း)ရှိ ပြည်နယ်၊ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ၊မြို့ဖများ၊အသေးစား၊အငယ်စားနှင့်အလတ်စားစီးပွားရေး (MSME) လုပ်ငန်းရှင်များအား လားရှိုးမြို့ မြို့ တော်ခန်းမ၌တွေ့ဆုံစဥ် နစက ဥက္ကဋ္ဌကပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည် ခေတ်အဆက်ဆက်စီးပွားရေးနှင့်ပတ်သက်၍ အားနည်းချက်များရှိခဲ့ပြီး အခြားတိုင်းပြည်များထက် တိုးတက်မှုနှုန်းနည်းပါးသဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အပြည့်အဝအကောင်အထည်ဖော်နိုင်ခြင်းမရှိခဲ့ဟု ဆိုသည်။

“မိမိတို့နိုင်ငံရဲ့ GDP ဟာ ဒေသတွင်းနိုင်ငံတွေထက်နည်းပါးနေတာကိုတွေ့ရပါတယ်၊ ဒါ့ကြောင့် စိုက်ပျိုးမွေးမြူရေးကိုအခြေခံတဲ့ ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းတွေကို အားပေးဆောင်ရွက်ရင် နိုင်ငံရဲ့ GDP တွေတိုးတက်လာမှာဖြစ်ပါတယ်၊ ဒါ့ကြောင့် MSME လုပ်ငန်းတွေကိုအားပေးမြှင့်တင်နေတာပါ”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့ပြင် ကုန်ထုတ်လုပ်မှုများကိုအားပေးဆောင် ရွက်ရမည်ဖြစ်ပြီး ကုန်ပစ္စည်းများဈေးနှုန်းကြီး မြင့်မှုမရှိစေရန်၊စားသုံးမှုနှင့်ထုတ်လုပ်မှုများမျှတမှုရှိစေရန်အတွက်လည်း ဆောင်ရွက်ရမည်ဟု မှာကြားသည်။

ထို့အတူ စားသုံးဆီဈေးနှုန်းများကြီးမြင့်ခဲ့ခြင်းအား နိုင်ငံတော်မှကြပ်မတ်စီမံဆောင်ရွက်ခဲ့သော် လည်း ဝိသမလောဘသားများ၏
မတော် လောဘစိတ်များဖြင့်ဆောင်ရွက်ခဲ့ခြင်းကြောင့် ထိုက်သင့်သည့်ဈေးထက်မြင့်မားခဲ့သည်ကိုတွေ့ရှိခဲ့ရသည်ဟု ဆိုသည်။

ထို့ကြောင့် စားသုံးဆီစျေးနှုန်းများအား စျေးနှုန်းမြှင့်တင်ခဲ့ကြသည့် ဝိသမလောဘသားများကို နိုင်ငံတော်မှထိုက်သင့်သည့်အရေးယူမှုများကို ဆောင်ရွက်ခဲ့၍ စားသုံးဆီဈေးနှုန်းများပြန်လည်ကျဆင်းလာခဲ့သည်ဟု နစက ဥက္ကဋ္ဌကပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here