ကိယက်ဗ်တွင် ပေါက်ကွဲမှု ခြောက်ကြိမ်ထက်မနည်း ကြားသိခဲ့ရကြောင်း ဒေသခံတွေဆို

0
193

တနင်္ဂနွေနေ့အစောပိုင်းက ယူကရိန်းမြို့တော် ကိယက်ဗ်တွင် ပေါက်ကွဲမှု ခြောက်ကြိမ်ထက်မနည်း ကြားသိခဲ့ရတယ်လို့ ယူကရိန်းဒေသခံများကပြောသည်။

“မိနစ် ၄၀ အတွင်း အနည်းဆုံး ၆ ကြိမ်ပေါက်ကွဲခဲ့ပါတယ်။ မြို့မြောက်ပိုင်း ခရိုင်တွေမှာ လေကြောင်းရန် ကာကွယ်ရေး စနစ်တွေက အချက်ပေးနေတဲ့အသံတွေ ကြားနေရတယ်” ဟု သတင်းရင်းမြစ်များက ဆိုသည်။

လက်ရှိတွင် ယူကရိန်းမြို့တော် ကိယက်ဗ်နှင့် အခြားဒေသအများအပြားတွင် လေကြောင်းတိုက်ခိုက်မှု သတိပေးချက် ထုတ်ပြန်ထားသည်။

မြို့တော်၏ လေကြောင်းရန်ကာကွယ်ရေးများ သက်ဝင်လှုပ်ရှားနေကြောင်း ကိယက်ဗ်မြို့အာဏာပိုင်များက Telegram တွင် ပြောကြားထားသည်။

တနင်္ဂနွေနေ့ အစောပိုင်းက ယူကရိန်းနိုင်ငံ Sumy နှင့် Chernigov ဒေသများတွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

လက်ရှိတွင် Zhitomir၊ Kiev၊ Poltava, Cherkassy, Sumy, Chernigov, Dnepropetrovsk, Kharkov, Kirovograd နှင့် Donetsk ပြည်သူ့သမ္မတနိုင်ငံ ၏ ယူကရိန်းထိန်းချုပ်နယ်မြေများနှင့် Zaporozhye ဒေသတို့သည် ယူကရိန်းအစိုးရ၏ အဆိုအရ အနီရောင်ဇုန်တွင် ရှိနေကြောင်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here