မန္တလေး မြို့ပတ်လမ်းတွင် အုတ်တင်ကားနှင့် ဆိုင်ကယ်တိုက်မိပြီး (၂) ဦးဒဏ်ရာရ

0
158

မန္တလေးမြို့ မြို့ပတ်လမ်းတွင် ယနေ့ စက်တင်ဘာ (၁၀) ရက် မွန်းတည့် (၁၂) နာရီခွဲခန့်က အုတ်တင်ကားနှင့် အမျိုးသားတစ်ဦး မောင်းနှင်ကာ အမျိုးသမီးတစ်ဦးလိုက်ပါလာသည့် ဆိုင်ကယ်တို့တိုက်မိခဲ့ကြောင်း နန်းတော်ရှေ့နယ်လုံးဆိုင်ရာလူမှုကယ်ဆယ်ရေးအသင်းမှ သိရသည်။

“မန္တလေးမြို့ပတ်လမ်းက (၁၀) လမ်းထောင့်မှာတိုက်မိတာပါ။ တိုက်မိတဲ့ အရှိန်နဲ့ အုတ်တင်ကားက လမ်းဘေးထိုးကျသွားတယ်။ ဆိုင်ကယ်က အုတ်တင်ကားနဲ့ တိုက်မိတယ်။ နောက်ကားနဲ့ညိပြီး ဘေးကိုထိုးကျသွားတယ်။ ဒဏ်ရာရတဲ့ နှစ်ယောက်က ဆိုင်ကယ်မောင်းတဲ့လူနဲ့ ဆိုင်ကယ်ပေါ်မှာ လိုက်လာတဲ့ အမျိုးသမီးပါ။ မစိုးရိမ်ရပါဘူး”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။

ဖြစ်စဥ်မှ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဆိုင်ကယ်မောင်းနှင်သူနှင့် လိုက်ပါလာသူ အမျိုးသမီးတို့အား နန်းတော်ရှေ့နယ်လုံးဆိုင်ရာ လူမှုကယ်ဆယ်ရေးအသင်းမှ မြေပြင်ကုသမှုများ ပြုလုပ်ပေးပြီးနောက် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Photo-နန်းတော်ရှေ့နယ်လုံးဆိုင်ရာအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here