မော်ရိုကိုငလျင်ဘေးအတွက် စင်္ကာပူက ကန်ဒေါ်လာ ၅၀,၀၀၀ လှူဒါန်း

0
309

စင်္ကာပူ၊စက်တင်ဘာ ၁၀

စင်္ကာပူအစိုးရက ငလျင်ဘေးသင့်ခဲ့သောမော်ရိုကိုနိုင်ငံအတွက် ပြန်လည်ထူထောင်မှုပြုလုပ်နိုင်ရန်အမေရိကန်ဒေါ်လာ ၅၀,၀၀၀ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး မစ္စတာဗီဗီယန်ဘာဘားခရစ်ရှ်နန်ကမူ မော်ရိုကိုနိုင်ငံသားများအတွက်များစွာစိတ်မကောင်းဖြစ်မိကြောင်းပြောကြားခဲ့ပြီး မော်ရိုကိုငလျင်၌ ထိခိုက်နစ်နာသူစင်္ကာပူနိုင်ငံသားမပါဝင်ကြောင်းပြောကြားခဲ့သည်။

“ဒီငလျင်ဘေးမှာထိခိုက်ခဲ့ရတဲ့သူတွေရဲ့မိသားစုဝင်တွေနဲ့ထပ်တူ စိတ်မကောင်းဖြစ်ရပါတယ်၊ဒဏ်ရာရရှိထားသူတွေလည်းအမြန်ဆုံးသက်သာပျောက်ကင်းပါစေလို့
စင်္ကာပူအစိုးရကိုယ်စား ကျွန်တော်ကဆုတောင်းပေးပါတယ်” ဟုလည်း၎င်းကဆိုသည်။

ငလျင်လှုပ်ခတ်မှုကြောင့် လူပေါင်း ၂,၀၀၀ ကျော်ဒဏ်ရာရရှိခဲ့ပြီး ၁,၄၀၀ ခန့်မှာစိုးရိမ်ရအခြေအနေတွင်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးကဆိုကာ ဝေးလံခေါင်သီပြီး လူအများအပြားပိတ်မိနေသေးသည့်ဒေသများသို့လည်း ကယ်ဆယ်ရေးအဖွဲ့များရောက်ရှိနိုင်ရန်ကြိုးပမ်းနေသည်ဟုလည်းဆိုခဲ့သည်။

စင်္ကာပူကြက်ခြေနီအဖွဲ့ကမူ ၎င်းတို့အနေဖြင့် အရေးပေါ်ကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးအတွက် နောက်ထပ်ပံ့ပိုးမှုများထပ်မံပြုလုပ်ရန်အဆင်သင့်ရှိနေကြောင်းလည်းပြောကြားခဲ့သည်။

Source : စီအင်န်အေ


LEAVE A REPLY

Please enter your comment!
Please enter your name here