၅ လအတွင်း မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးမှ အမေရိကန်ဒေါ်လာ ၂ ဘီလီယံကျော်ရရှိ၊ ယမန်နှစ်ထက် သန်း ၂၀၀ နီးပါးပိုမိုရရှိခဲ့

0
289

ယခုဘဏ္ဍာနှစ်၏ ငါးလတာကာလအတွင်း၊၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်ဖြစ်သည့် ဧပြီလ ၁ ရက်မှ စက်တင်ဘာ ၁ ရက်အထိ မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးဇုန်မှ ကုန်သွယ်မှုတန်ဖိုးစုစုပေါင်း ကန်ဒေါ်လာ ၂ ဒသမ ၃၉ ဘီလီယံ ရရှိထားပြီး ယမန်နှစ်ကာလတူနှင့်နှိုင်းယှဉ်ပါက ကန်ဒေါ်လာ ၁၉၂ ဒသမ ၂၃၉ သန်း တိုးလာသည်။

ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးမှ မြန်မာ့လယ်ယာထွက်ကုန်များဖြစ်သည့် ပြောင်း၊ ရော်ဘာ၊ ငရုတ်၊ ပဲ၊ အားလူး၊ ကြက်သွန်နှင့် ရေထွက်ကုန်ဖြစ်သည့် ငါး၊ ပုဇွန်၊ ဂဏန်းများကို ထိုင်းနိုင်ငံသို့ အဓိကတင်ပို့ထားပြီး ပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ ၁ ဒသမ ၆၇ ဘီလီယံရရှိထားကြောင်း သိရသည်။

ထို့ပြင် ထိုင်းနိုင်ငံမှ CMP အထည် အလိပ်၊ဆေးဝါးနှင့်ဆက်စပ်ပစ္စည်း၊ စိုက်ပျိုးရေးသုံးနှင့် စက်ရုံသုံး ကုန်ကြမ်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးကုန်ပစ္စည်း၊ စက် နှင့် စက်အပိုပစ္စည်း၊ စားသောက်ကုန် အစရှိသည်တို့ကို အများဆုံး တင်သွင်းနေပြီးအဆိုပါ သွင်းကုန်တင်သွင်းမှုမှ ကန်ဒေါ်လာ ၇၁၈ ဒသမ ၁၀၂ သန်းရရှိထားကြောင်း ကုန်သွယ်မှုစာရင်းများတွင်​တွေ့ရသည်။

ပြီးခဲ့သည့် ဩဂုတ်လထိ မြင့်တက်နေသည့် ထိုင်းဘတ်ငွေလဲနှုန်းမှာ ပြန်လည်ကျဆင်းလာ​နေပြီဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here