အာရှအားကစား ပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း ထိုင်းတွင် လေ့ကျင့်ပြင်ဆင်နေ

0
190

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် တရုတ်နိုင်ငံဟန်ကျိုးမြို့တွင် ကျင်းပမည့် (၁၉) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ (Asian Games 2022 Hangzhou) ‌ပွဲစဉ်များအတွက် ထိုင်းနိုင်ငံတွင် လေ့ကျင့်ပြင်ဆင်နေကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးသည် ထိုင်းနိုင်ငံတွင် ခြေစမ်းပွဲ (၂)ပွဲ ကစားမည်ဖြစ်ပြီး စက်တင်ဘာ (၁၃) ရက်တွင် ဝစ်စူထီဝါရာရမ် ယူ – ၁၅ သင်းနှင့်လည်းကောင်း၊ စက်တင်ဘာ (၁၅) ရက်တွင် ထိုင်းလက်ရွေးစင် အမျိုးသမီးအသင်းနှင့် လည်းကောင်း ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ခြေစမ်းပွဲအပြီးတွင် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် အာရှအားကစားပြိုင်ပွဲတွင် ကိုရီးယား၊ ဖိလစ်ပိုင်၊ ဟောင်ကောင်အသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။

Photo – MFF


LEAVE A REPLY

Please enter your comment!
Please enter your name here