လျှပ်စစ်သုံးမော်တော်ယာဉ်များ တရုတ်နိုင်ငံမှတစ်ဆင့် မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးစခန်းသို့ ထပ်မံရောက်ရှိလာ

0
357

တရုတ်နိုင်ငံမှ တင်သွင်းလာသည့် Geely Geometry E အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေး စခန်းသို့ ထပ်မံရောက်ရှိလာကြောင်း အကောက်ခွန်ဦးစီး ဌာနက ထုတ်ပြန်ထားသည်။

အဆိုပါ EV ယာဉ်များမှာ ပြီးခဲ့သည့် စက်တင်ဘာ (၇) ရက်က မူဆယ်(၁၀၅) မိုင် ကုန်သွယ်ရေးစခန်းသို့ ရောက်ရှိလာခြင်းဖြစ်သော်လည်း အစီးရေမည်မျှ ရောက်ရှိလာသည်ကို အကောက်ခွန်ဌာနက ထည့်သွင်းဖော်ပြထားခြင်း မရှိပေ။

ပြီးခဲ့သည့် ဇန်နဝါရီလတွင် ငွေကျပ်သိန်း (၇၀၀) ဝန်းကျင်သာ ပေါက်ဈေးရှိခဲ့သည့် EV ကားများသည် လက်ရှိတွင် အမျိုးအစားပေါ် မူတည်၍ ကျပ်သိန်း (၁၀၀၀) ဝန်းကျင်မှ ကျပ်သိန်း (၁၆၀၀) ကျော်အထိ ဈေးမြင့်လာနေကြောင်း ကားဈေးကွက်အတွင်းမှ သိရသည်။

လက်ရှိတွင် ပြည်တွင်း၌ (၈) လအတွင်း EV ကားအစီးရေ (၆၀၀) ကျော် မှတ်ပုံတင်ခွင့်ပြုထားကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

လက်ရှိတွင် ပြည်တွင်း၌ လောင်စာဆီသုံး အိမ်စီးကားဈေးမှာ အကျဘက်သို့ ဦးတည်နေကြောင်း ကားဝယ်ရောင်းလုပ်ကိုင်သူများထံမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here