ရွှေဈေး ကျဆင်းလာသော်လည်း ဈေးကွက်အတွင်း အရောင်းအဝယ်အေးနေဆဲ

0
204

သိန်း (၄၀) ဝန်းကျင်အထိ မြင့်တက်ခဲ့သည့် ပြည်တွင်းရွှေဈေးနှုန်းမှာ ပြန်လည်ကျဆင်းလာသော်လည်း ဈေးကွက်အတွင်း အရောင်းအဝယ်အေးနေဆဲဖြစ်ကြောင်း ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းမှ သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ (၂၀) ရက်အထိ သိန်း (၄၀) နီးပါးအထိ မြင့်တက်နေသည့် ပြည်တွင်းရွှေဈေးနှုန်းသည် ယနေ့တွင် (၃၅) သိန်းနီးပါးအထိ ပြန်လည်ကျဆင်းလာခြင်းဖြစ်သည်။

“ရွှေဈေးကတော့ တောက်လျှောက်တော့ ကျလာပြီ။ ဒါပေမယ့် ဈေးကွက်ထဲမှာတော့ အရောင်း
အဝယ်ကတော့အေးတယ်။အထည်ပျက်တွေ ပြန်လာရောင်းကြတာများတယ် ” ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောသည်။

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA)၏ အကယ်ဒမီ အခေါက်ရွှေ ၁ ကျပ်သား  ရည်ညွှန်းဈေးမှာ ၂၂၆၅၅၀၀ ကျပ်ဖြစ်ပြီး ကမ္ဘာ့ရွှေဈေး ၁ အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၉၂၃ ဒေါ်လာဖြစ်ကြောင်း သိရသည်။

ယနေ့ စက်တင်ဘာလ (၁၁) ရက် ပြင်ပအခေါက်ရွှေပေါက်ဈေးမှာ (၁) ကျပ်သားလျှင် ၃၄၄၀၀၀၀ ကျပ်ဝန်းကျင်တွင်ရှိနေပြီး ပြင်ပ ၁၅ ပဲရည် လက်ဝတ်ရတနာ ပေါက်ဈေးမှာ ၃၂၄၀၀၀၀ ကျပ်ကျော်တွင် ရှိနေကြောင်း သိရသည်။

ထို့ပြင် ရွှေဈေးနှုန်းနှင့်အတူ နိုင်ငံခြားငွေလဲလှယ်နှုန်းများသည်လည်း ‌ဈေးကွက်အတွင်း ကျဆင်းနေပြီး တချို့အရောင်းဆိုင်များသည် ဈေးကွက်အခြေအနေစောင့်ကြည့်နေဆဲဖြစ်သည့်အတွက် အရောင်းအဝယ်ရပ်နားထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here