မုံရွာမြို့တွင် ရပ်ထားသည့် ကား (၂) စီးပေါ်သို့ ကုက္ကိုပင်ခြောက်လဲကျ၍ ပျက်စီးခဲ့

0
273

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ရုံးကြီးရပ်ကွက်တွင် ယနေ့ စက်တင်ဘာ (၁၁) ရက် မွန်းတည့်ပိုင်းက နေအိမ်ခြံဝင်းတစ်ခုအတွင်းရှိ ကုက္ကိုပင်ခြောက်လဲကျကာ ရပ်ထားသည့်ကား (၂) စီးပေါ် ပိမိသွားသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့ မွန်းတည့် (၁၂) နာရီခွဲကျော်ခန့်က မုံရွာမြို့၊ရုံးကြီးရပ်ကွက်၊ သစ်တောလမ်းရှိ နေအိမ်ခြံဝင်းတစ်ခုအတွင်းရှိ ကုက္ကိုပင်ခြောက်မှာ ရပ်ထားသည့် ကား (၂) စီးပေါ်သို့ လဲကျကာပိမိနေသဖြင့် မုံရွာခရိုင်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက ဖယ်ရှားရှင်းလင်းပေးခဲ့ကြကြောင်း သိရသည်။

ကုက္ကိုပင်ခြောက် လဲကျမှုကြောင့် ကား (၂) စီးလုံးမှာပျက်စီးမှုများဖြစ်ပေါ်ခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here