အခြေခံသံတမန်ရေးရာကျွမ်းကျင်မှုသင်တန်း အတွက် သင်တန်းသားများခေါ်နေ

0
416

နိုင်ငံခြားရေးဝန်ကြီးဌာနမှ အခြေခံသံတမန်ရေးရာကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်(၄၄/၂၀၂၃) အား နိုင်ငံခြားရေးဝန်ကြီး ဌာန (နေပြည်တော်)နှင့် နိုင်ငံခြားရေးဝန်ကြီး ဌာန(ရန်ကုန်)တို့တွင် ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီး သင်တန်းသားများ ခေါ်ယူလျက်ရှိကြောင်း သိရသည်။

သင်တန်းအား နိုင်ငံခြားရေးဝန်ကြီးဌာန(နေပြည်တော်)နှင့် (ရန်ကုန်) တို့တွင် အောက်တိုဘာ (၁၆) ရက်မှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ (၅) ရက်အထိ အပတ်စဥ် တနင်္လာနေ့မှသောကြာနေ့အထိ နံနက် (၇) နာရီမှ နံနက် (၉) နာရီအထိ ရက်သတ္တ(၁၂) ပတ်ကြာဖွင့်လှစ်ပို့ချသွားမည်ဖြစ်သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန (နေပြည်တော်)၌ သင်တန်းသား (၅၀)ဦး၊ နိုင်ငံခြားရေးဝန်ကြီးဌာန (ရန်ကုန်) ၌ သင်တန်းသား(၅၀)ဦးတို့ဖြင့် ဖွင့်လှစ်သွားမည်ဖြစ်ကာ လူတွေ့စစ်ဆေး၍ စိစစ်ရွေးချယ်လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် သံတမန်ရေးရာနှင့်နိုင်ငံတကာရေးရာတို့ကိုကိုစိတ်ပါဝင်စား၍ လေ့လာလိုသူသည့် ပြည်တွင်း/ပြည်ပတက္ကသိုလ်တစ်ခုခုမှဘွဲ့ရရှိပြီးသူများသည် ပတ်စပို့အရွယ် ဓာတ်ပုံ (၃)ပုံ၊ ရပ်ကွက်နှင့် ရဲစခန်းထောက်ခံစာ(၆ လအတွင်း)၊ ဘွဲ့လက်မှတ်(မူရင်း/မိတ္တူ)၊ မှတ်ပုံတင်(မူရင်း/မိတ္တူ)၊ နိုင်ငံ့ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဌာနထောက်ခံချက်(မူရင်း)တို့ဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာန (နေပြည်တော်နှင့်ရန်ကုန်)တို့သို့ စက်တင်ဘာ (၄) ရက်မှ (၁၅) ရက်အထိ ရုံးဖွင့်ရက်များတွင် နံနက် (၁၀) နာရီမှ ညနေ (၄) နာရီအထိ လျှောက်လွှာများပေးပို့လျှောက်ထားနိုင်ကြောင်း သိရသည်။

သင်တန်းတွင် သံတမန်ရေးရာ ဘာသာရပ်များ၊ နိုင်ငံတကာဆက်ဆံရေးဘာသာရပ်များ၊နိုင်ငံတကာ ဥပဒေဆိုင်ရာဘာသာရပ်များ၊ စီးပွားရေးဆိုင်ရာဘာသာရပ်များနှင့်အထွေထွေ ဗဟုသုတဆိုင်ရာဘာသာရပ်များကို အငြိမ်းစားသံအမတ်ကြီးများ၊ ဝါရင့်သံတမန်များ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိသူများ၊ ဘာသာရပ်ဆိုင်ရာကျွမ်းကျင်သူများ၊တက္ကသိုလ်များမှ ပါမောက္ခဆရာကြီး/ဆရာမကြီးများက စာတွေ့/လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။

သင်တန်းနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက ရုံးချိန်အတွင်း ဖုန်း ၀၆၇-၃၄၁၂၃၁၇၊ ၀၁-၈၂၂၁၅၃၇ တို့သို့ဆက်သွယ်မေးမြန်းနိုင်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here