သမ္မတ ရှီကျင့်ဖျင် တပ်စစ်သွားရာ၌ခေတ်သစ်အင်အားကြီး စစ်တပ်အ​ကြောင်းမိန့်ခွန်း​ချွေ

0
379

ခေတ်သစ်အင်အားကြီး စစ်တပ်အတွေးအခေါ်ကိုနက်ရှိုင်းစွာအကောင်အထည်ဖော်ရန် တရုတ်ကွန် မြူနစ်ပါတီဗဟိုကော်မတီ အထွေထွေအတွင်း ရေးမှူးချုပ်၊တရုတ်နိုင်ငံသမ္မတ၊ဗဟိုစစ်ကော်မ ရှင်ဥက္ကဋ္ဌ ရှီကျင့်ဖျင်ကမှာကြားခဲ့ကြောင်း China Xinhua သတင်းဌာန၏ဖော်ပြချက်အရ သိရသည်။

သမ္မတ ရှီကျင့်ဖျင်မှ အမှတ် ၇၈ တပ်ပေါင်းစုအား စက်တင်ဘာ ၈ ရက်နံနက် ၉ နာရီခွဲခန့်ကကြည့်ရှုစစ်ဆေးစဥ် မှာကြားခဲ့ခြင်းဖြစ် သည်။

ခေတ်သစ်အင်အားကြီး စစ်တပ်အတွေးအခေါ်ကို နက်ရှိုင်းစွာ လက်တွေ့အကောင်အထည်ဖော်ရန်၊ခေတ်သစ်စစ်ရေးမဟာဗျူဟာမူဝါဒများကို ဖော်ဆောင်ရန်၊တပ်ဖွဲ့၏ စီမံခန့်ခွဲမှုနှင့်စစ်ဆင်ရေးနည်းလမ်းများကို ဆန်းသစ်ဖန်တီးရန်၊တပ်ဖွဲ့၏ တိုက်ပွဲဝင်အသင့်ပြင်မှုနှင့်စွမ်းရည်ကို ဘက်စုံ မြှင့်တင်ရန်၊ပါတီနှင့်ပြည်သူမှပေးအပ်သော သ မိုင်းပေးတာဝန်ကို ထိရောက်စွာထမ်းဆောင်ရန် အလေးထားမှာကြားခဲ့သည်။

တရုတ်နိုင်ငံမြောက်ပိုင်း၊အရှေ့ မြောက်ပိုင်းဒေသများ၌ မိုးရွာသွန်းမှုနှင့်ရေကြီးရေလျှံမှုအန္တရာယ်များဖြစ်ပွားခဲ့ရာတွင် ပြည်သူ့လွတ် မြောက်ရေးတပ်မတော်နှင့်ရဲတပ်ဖွဲ့ဝင်များက ကူညီကယ် ဆယ်ရေးလုပ်ငန်းများကို လျင်မြန်စွာဆောင်ရွက်၍ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို အစွမ်း ကုန်ကာကွယ်စောင့်ရှောက်ခဲ့ခြင်းသည် အထူးတပ်ဖွဲ့၏ကဏ္ဍနှင့်ပြည်သူများ၏တပ်မတော်သားကောင်းဟူသော ပုံရိပ်ကိုပြသခဲ့ခြင်းဖြစ်သည်ဟုလည်း ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here