တောင်ဒဂုံ မောင်းမကန်မီးပွိုင့်အနီးတွင် (၁၀) ဘီးကားနှင့်ကားလေးတစ်စီးတိုက် ကားလေးမောင်းသူ ခေါင်းခန်းအတွင်းညပ်၍ဒဏ်ရာရ

0
135

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ (၁၇) ရပ်ကွက်၊ အမှတ် (၂)လမ်းမကြီးပေါ်ရှိ မောင်းမကန်မီးပွိုင့်အနီးတွင် ယနေ့ စက်တင်ဘာ (၁၁) ရက် ညနေပိုင်းက (၁၀) ဘီးကားနှင့် ကားလေးတစ်စီးတို့ တိုက်မိခဲ့ကြောင်း သိရသည်။

ယနေ့ညနေ (၅) နာရီခန့်က ဒဂုံမြို့သစ်တောင်ပိုင်း၊ မြို့နယ်၊ (၁၇) ရပ်ကွက်၊အမှတ်(၂)လမ်းမကြီးပေါ်ရှိ မောင်းမကန်မီးပွိုင့်အနီးတွင် (၁၀) ဘီးကားနှင့် ကားလေးတစ်စီးတိုက်မိခဲ့သဖြင့် အသက် (၃၂)နှစ်အရွယ်ခန့်ရှိ ကားလေးမောင်းသူမှာ ကားခေါင်းခန်းအတွင်း၌ ညပ်နေခဲ့သည်။

ယင်းကဲ့သို့ ကားခေါင်းခန်းအတွင်းညပ်နေသည့်အတွက် တောင်ဒဂုံမြို့နယ် မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ကားခေါင်းခန်းအတွင်းမှ ကယ်ထုတ်ခဲ့ရကြောင်း သိရသည်။

ယင်းသို့ကယ်ထုတ်ပြီးနောက် ထိခိုက်ဒဏ်ရာများ မစိုးရိမ်ရ ရရှိခဲ့သည့် ကားလေးမောင်းသူအား နွေးထွေးမှု လူမှုကူညီရေးအသင်းမှ သင်္ဃန်းကျွန်းစံပြဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here