၁၉ကြိမ်မြောက် MIHAS Malaysia ပွဲသို့ ပြည်တွင်းကုမ္ပဏီ ၅ ခုဖိတ်ကြားခံရ

0
237

Matrade မှ ၁၉ကြိမ်မြောက် MIHAS Malaysia ပွဲသို့ မြန်မာပြည်တွင်းရှိ ကုမ္ပဏီငါးခု ဖိတ်ကြားခံရသည်။

အဆိုပါ ဖိတ်ကြားခံရ​သော ကုမ္ပဏီများမှာ Asia Winner Industrial Ltd၊ May Yu Trading Co., Ltd ၊ Pahtama Group Co., Ltd၊ Asia Golden Lion Co., Ltd နှင့် Super One International Co., Ltd တို့ဖြစ်သည်။

” ၁၉ကြိမ်မြောက်ပါ။ ကမ္ဘာအနှံ့က ​ရောင်းသူ/ဝယ်သူ ကုန်သည်ကြီး​တွေ လာကြတယ်။ တစ်ဦးချင်းစီးပွား​ရေးချိတ်ဆက်မူ တွေလုပ်ပေးတယ်။ အကျိုးကျေးဇူးကတော့ ဆန်းသစ်​သောထုတ်ကုန်တီထွင်ခြင်းက တစ်နှစ်ထက်တစ်နှစ်တိုးတက်လာတာသိရတယ်။ပို့ကုန်အဖြစ်ထုတ်ကုန်မြှင့်တင်လို့ရသွားမယ်။သွင်းကုန်ကတော့ကန့်သတ်ချက်များ​နေ​သေးတော့ အဲ့ဒီထုတ်ကုန်တွေတော့ သွင်းဖို့တော့ခက်မယ်။  မြန်မာပြည်မှာထုတ်လုပ်ဖို့အတွက် ဖက်စပ်ပုံစံအခွင့်အလမ်းရှိလာနိုင်ပါတယ်”ဟု ဖိတ်ကြားခံရသည့်ကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက​ပေါ်ပြူလာနယူးစ်သို့ပြောပြသည်။

ယင်း ၁၉ကြိမ်မြောက် MIHAS မ​လေးရှားစား​သောက်ကုန်၊ အလှကုန်၊ ထုပ်ပိုးမူပစ္စည်းများ၊ကုန်ကြမ်းထုတ်ကုန်ပစ္စည်းများ အစရှိသည့် ပစ္စည်းများနှင့်ပတ်သက်ပြီး ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here