ဟိုင်းကြီးကျွန်းအနီး မြန်မာ့ပင်လယ်ပြင်အတွင်း ရေဝင်တိမ်းစောင်းခဲ့သည့် ကုန်တင်ရေယာဉ်အား ကူညီကယ်ဆယ်

0
215

ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့အနီး ဟိုင်းကြီးကျွန်း အနောက်တောင်ဘက် (၁၀) မိုင်ခန့်အကွာ၌ ကုန်တင်ရေယာဉ်တစ်စီး ရေဝင်တိမ်းစောင်းမှုဖြစ်ပေါ်ခဲ့သည့် ကုန်တင်ရေယာဉ်အား တပ်မတော်(ရေ)မှ ကူညီကယ်ဆယ်ပေးခဲ့ရကြောင်း သိရသည်။

ဟိုင်းကြီးကျွန်းမြို့အနီး မြန်မာ့ပင်လယ်ပြင်အတွင်း စက်တင်ဘာ (၁၀) ရက် ည (၁၁) နာရီခန့်တွင် ဟိုင်းကြီးကျွန်း၏ အနောက်တောင်ဘက် (၁၀) မိုင်ခန့်အကွာ၌ ကုန်တင်ရေယာဉ်တစ်စီး ရေဝင်တိမ်းစောင်းမှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကုန်တင်ရေယာဉ်မှာ ရန်ကုန်မြို့မှ စစ်တွေမြို့သို့ ထွက်ခွာလာသည့် MV ရွှေအိမ်သည်အမည်ရှိ ကုန်တင်ရေယာဉ်ဖြစ်ပြီး ရာသီဥတုဆိုးရွားကာ လှိုင်းလေပြင်းထန်ခြင်းကြောင့် ရေယာဉ်ပေါ်တွင် တင်ဆောင်လာသော ဘိလပ်မြေအိတ် တန် (၄၀၀၀) ခန့်မှာ ရွေ့လျား၍ ရေယာဉ်တိမ်းစောင်းကာ စက်ခန်းအတွင်း ရေဝင်ရောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုသို့ ဖြစ်ပေါ်နေမှုကို တပ်မတော်(ရေ)မှ လုံခြုံရေးတပ်ဖွဲဝင်များက စက်လှေ၏ စက်ခန်းအတွင်း ရေဝင်ရောက်မှုအား ရေစုပ်ထုတ်ပေးခြင်းနှင့် လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ပေးခဲ့ရကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here