ကင်ဂျုံအန်း ရုရှားနိုင်ငံသို့ သွားရောက်လည်ပတ်ရန် အထူးရထားဖြင့်ထွက်ခွာ

0
537

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းသည် ရုရှားနိုင်ငံသို့ သွားရောက်လည်ပတ်ရန် အထူးရထားဖြင့် စက်တင်ဘာ ၁၀ ရက် မွန်းလွဲပိုင်းတွင် ပြုံယမ်းမှ ထွက်ခွာခဲ့ကြောင်း Voice of Korea အသံလွှင့်ဌာနက သတင်းထုတ်ပြန်ခဲ့သည်။

၎င်း၏ခရီးစဉ်တွင် မြောက်ကိုရီးယား၏ အဆင့်မြင့် ပါတီ၊ အစိုးရနှင့် စစ်ဘက်အရာရှိများ လိုက်ပါကြမည်ဖြစ်ကြောင်း သိရသည်။

ကိုရီးယား Central News Agency မှ ထုတ်ဝေသည့် ဓာတ်ပုံများအရ အဆိုပါ အထူးရထား၌ ကိုရီးယား အလုပ်သမားများပါတီ ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌ Ri Pyong-chol နှင့် အလုပ်သမားခေါင်းဆောင် Pak Jong-chol တို့လည်း လိုက်ပါစီးနင်းခဲ့ကြောင်း သိရသည်။ ကင်ဂျုံအန်းနှင့်အတူပါဝင်သော မြောက်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့ဝင်များအမည်ကိုမူ တရားဝင် ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။

ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ကင်ဂျုံအန်းတို့ မကြာမီ တွေ့ဆုံမည်ဖြစ်ကြောင်း ရုရှားအစိုးရပြောခွင့်ရပုဂ္ဂိုလ် ဒီမီထရီ ပက်စကော့ဗ်က စက်တင်ဘာ ၁၁ ရက်တွင် ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here