ယူကရိန်းပြည်သူများအနေဖြင့် စစ်ကို ပိုမိုအာရုံစိုက်ရန် ဇလန်းစီးနှင့် သူ၏မဟာမိတ်များ တောင်းဆို

0
264

ယူကရိန်းပြည်သူများအနေဖြင့် မိမိတို့နှင့် ရုရှားတို့ဖြစ်ပွားနေသော စစ်ပွဲကို ပိုမိုအာရုံစိုက်ကြပါရန် သမ္မတဇလန်းစကီးနှင့် သူ၏မဟာမိတ်များက တနင်္လာနေ့တွင် တောင်းဆို တိုက်တွန်းခဲ့သည်။

ယူကရိန်းစစ်တပ်မှာ အခြေအနေ တည်ငြိမ်သော်လည်း ရုရှားသိမ်းပိုက်ထားသော ဒေသများတွင် တန်ပြန်ထိုးစစ်များ နှေးကွေးနေသောကြောင့် ယခု ကဲ့သို့ ပိုမိုတောင်းဆိုတိုက်တွန်းရခြင်းဖြစ်ကြောင်း ဇလန်းစကီးနှင့် သူ၏ဗိုလ်ချုပ်များကဆိုသည်။

ယင်းမှာ ယူကရိန်းနိုင်ငံသားအမျိုးသားများ စစ်တပ်တွင်အမှုထမ်းရန် သွယ်ဝိုက်ပြောဆိုခြင်းဖြစ်ပြီး၊ မိမိတို့မှာ စစ်ဘေးဒဏ်ခံနေရကြောင်း ယူကရိန်းပြည်သူအချို့ထံမှ သိရသည်။

“ဒီနေ့ဟာ ဒီစစ်ပွဲရဲ့ ၅၆၅ ရက်မြောက်နေ့ဖြစ်ပေမယ့်၊ အစောပိုင်းကာလတွေလိုပဲ နိုင်ငံတော်ကာကွယ်ရေးအတွက် လူတိုင်းအာရုံစိုက်ရမှာဖြစ်ပါတယ်” ဟု ဇလန်းစကီးက ၎င်း၏ညစဉ်ပြောနေကျ ဗီဒီယိုမက်ဆေ့ချ်တွင် ပြောကြားခဲ့သည်။

“ရုရှား အနိုင်ရဖို့ မမျှော်လင့်ပါဘူး။ ရန်သူက အားလုံးကို ခံနိုင်ရည်ရှိမှာ မဟုတ်ဘူးလို့ပဲ မျှော်လင့်ပါတယ်။ ယူကရိန်းက ခိုင်ခိုင်မာမာ ရပ်တည်ရမယ်။ ငါတို့ကို အားကောင်းစေတဲ့အရာတိုင်းဟာ ဦးစားပေး၊ တစ်ခုတည်းသော ဦးစားပေးပဲ။ ယူကရိန်းကို အားနည်းသွားအောင် လုပ်လို့မရဘူး”ဟုလည်း သူကပြောကြားခဲ့သည်။

ထို့အပြင် ယူကရိန်း၏ ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းအဖြစ် အကျင့်ပျက်ခြစားမှု နှိမ်နင်းရေး အရှိန်အဟုန်ပြင်းစွာ တွန်းလှန်ရန် ဥရောပသမဂ္ဂအား ဇလန်းစကီးကတိပြုခဲ့သည်။

အဆိုပါ ကတိကဝတ်အရ ပြီးခဲ့သည့် သီတင်းပတ်က ယူကရိန်း ကာကွယ်ရေး ဝန်ကြီးကို ရာထူးမှ ထုတ်ပယ်ခဲ့ပြီး၊ လိမ်လည်မှုဖြင့် စွဲချက်တင်ခံခဲ့ရသည့် တစ်ချိန်က ဇလန်းစကီး၏ လက်ဦးဆရာဖြစ်ခဲ့သော စီးပွားရေး လုပ်ငန်းရှင်ကြီး တစ်ဦးအား ဖမ်းဆီးခြင်းကိုလည်း တွေ့မြင်ခဲ့ရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here