မန္တလေး၊ ချမ်းမြသာစည်မြို့နယ်တွင် လမ်းဘေးဈေးဆိုင်ပေါ်သို့ သစ်ပင်လဲကျသည့်အတွက် (၃) ဦး ဒဏ်ရာရ

0
143

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ သံလျှက်မှော်တောင်ရပ်ကွက်၊ ဧရာထွန်းလမ်းမကြီးပေါ်တွင် လမ်းဘေးဈေးဆိုင်ပေါ်သို့ သစ်ပင်လဲကျမှုဖြစ်ပွားခဲ့ရာ (၃) ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ သိရသည်။

အဆိုပါ သစ်ပင်လဲကျသည့်ဖြစ်စဉ်မှာ စက်တင်ဘာ (၁၁) ရက်၊ ည (၁၀) နာရီ၊ (၄၅) မိနစ် အချိန်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်ဖြစ်ပွားရာသို့ ချမ်းမြသာစည်မြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ် (၁) စီး၊ သန္ဓေမီးသတ် တပ်ဖွဲ့ဝင်များ၊ သံလျှက်မှော်တောင် အရန်မီးသတ်စခန်းမှ မီးသတ်ယာဉ် (၁)စီး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများလုပ်ဆောင်ခဲ့ရာ စက်တင်ဘာ (၁၂) ရက်၊ ည (၁၂) နာရီ (၃၅) မိနစ်အချိန်တွင် ပြီးစီးခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်ကြောင့် ကျား(၂)ဦး၊ ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)၊ မ (၁)ဦး၊ ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)တို့အား သံ/တောင် လူမှုကူညီရေးအသင်း လူနာတင်ယာဉ်ဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here