ဆိုင်ကယ်အားတိမ်းရှောင်ရာမှ လူမှုကူညီရေးအသင်းကားနှင့်မီနီအိုးဝေတိုက်မိ ၃ ဦးဒဏ်ရာရခဲ့မှု ပုသိမ်ကြီးမြို့နယ်တွင်ဖြစ်ပွား

0
251

မန္တလေးတိုင်း၊ပုသိမ်ကြီးမြို့နယ်၊ ၁၉ လမ်းတွင် စက်တင်ဘာ ၁၂ ရက်(ယနေ့)နံနက် ၉ နာရီခွဲခန့်က ဆိုင်ကယ်အားတိမ်းရှောင်ရာမှ လူမှုကူညီရေးအသင်းကားနှင့်မီနီအိုးဝေတိုက်မိခဲ့ကာ မီနီအိုးဝေတိမ်းမှောက်ပြီး လူမှုကူညီရေးအသင်းကားမှာလမ်းဘေးသို့ထိုးကျသွားခဲ့ကြောင်း သိရသည်။

“၁၉ လမ်းက ဦးလှထွန်းကင်ဆာဖောင်ဒေးရှင်းနားမှာဖြစ်သွားတာပါ သုခမေတ္တာအသင်းကားနဲ့မီးနီအိုးဝေတိုက်မိတာ မီနီအိုးဝေပေါ်က ၃ ယောက်ဒဏ်ရာရသွားပါတယ် မစိုးရိမ်ရပါဘူး”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်မှ ထိခိုက်ဒဏ်ရာရရှိခဲ့သူ ၃ ဦးအား ထာဝရကယ်ဆယ်ရေးအသင်းနှင့်ရွှေကြေးစည်လူမှုကူညီရေးအသင်းတို့မှ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Photo-ရွှေကြေးစည်အသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here