လူမှုကွန်ရက်အပါအဝင် နည်းပညာများကိုအလွဲသုံးပြီး နိုင်ငံရေးမတည်ငြိမ်စေရန် လှုံ့ဆော်မှုများရှိနေ

0
238

လူမှုကွန်ရက်အပါအဝင် နည်းပညာများကိုအလွဲသုံးပြီး နိုင်ငံရေးမတည်မငြိမ်ဖြစ်ပေါ်စေရန် လှုံ့ ဆော်ဖန်တီးမှုများရှိနေသည်ဟု နစက အဖွဲ့ဝင်၊ပြည်ထဲရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ  ဒု-ဗိုလ်ချုပ်ကြီးရာပြည့်ကပြောသည်။

စက်တင်ဘာ ၁၁ ရက်မွန်းလွဲပိုင်းက မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၌ ပြုလုပ်သည့် လူကုန်ကူးမှုတား ဆီးကာကွယ်ရေးဗဟိုအဖွဲ့ အစည်းအဝေး (၁/၂၀၂၃)တွင် အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့မှ လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်သတ်မှတ်၍ အကောင်အထည်ဖော်လျက်ရှိ၍ ပြောင်းလဲလာသည့် လူကုန်ကူးမှုပုံစံများကို လေ့လာအကဲဖြတ်နိုင်မှသာ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းများကို ချဉ်းကပ်ဆောင်ရွက်သွားနိုင်မည်ဟု မှာကြားသည်။

“လူကုန်ကူးမှုအပါအဝင် ပြစ်မှုကျူးလွန်သူတွေက Online ကတဆင့် ကျူးလွန်လာကြတာကို တွေ့မြင်နေရပါတယ်။ မြန်မာနိုင်ငံမှာ Online အသုံးပြုပြီး ငွေကြေးလိမ်လည်မှုဖြစ်စဉ်တွေ အဓမ္မစေခိုင်းမှုတွေ လတ်တလောရင်ဆိုင်ကြုံတွေ့နေရပါတယ်၊တခြားနိုင်ငံသားတွေလည်း အဲဒီဖြစ်စဉ်တွေမှာ ပါဝင်လာတဲ့အတွက် တားဆီးထိန်းချုပ်နိုင်ဖို့  အလေးအနက်ထား ဆောင်ရွက်ရပါမယ်”ဟု ဒု-ဗိုလ်ချုပ်ကြီးရာပြည့်ကမှာကြားသည်။

လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာလုပ်ငန်းများကို (၅)နှစ်စီမံကိန်းများချမှတ်၍ မျှော်မှန်းရလဒ် ပြည့်မီအောင်ဆောင်ရွက်သွားရမည်ဖြစ်ကာ အောင်မြင်မှုအကျိုးရလဒ်တစ်ခုရသည်အထိ ဆောင်ရွက်ရန်လိုသည်ဟု ပြောသည်။

ထို့ကြောင့် လာမည့် ၂၀၂၄ ခုနှစ် လုပ်ငန်းစီမံချက်ရေးဆွဲရာတွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးလုပ်ငန်းစဉ်များအပြင် လူကုန်ကူးမှုတိုက်ဖျက်နှိမ်နင်းမည့် နည်းလမ်းများကိုပါ ထည့်သွင်းရေးဆွဲသွားကြရမည်ဟု​ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here