YONEX-SUNRISE VIETNAM OPEN 2023 တွင် ၀င်ရောက် ယှဉ်ပြိုင်မည့် သက်ထားသူဇာ

0
254

မြန်မာ့ကြက်တောင်အားကစားမယ် သက်ထားသူဇာသည် YONEX-SUNRISE VIETNAM OPEN 2023 တွင် ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲကို ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့တွင် စက်တင်ဘာ ၁၂ ရက်မှ ၁၇ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ဆုကြေးအဖြစ် အမေရိကန်ဒေါ်လာ ၁ သိန်း ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့အဆင့် (၅၀) ရှိ သက်ထားသူဇာသည် အဆိုပါပြိုင်ပွဲတွင် ၃၂ ဦးအဆင့်တွင် ကမ္ဘာ့အဆင့် (၇၁) ရှိ အိန္ဒိယနိုင်ငံသူ Gadde Ruthvika Shivani နှင့် မနက်ဖြန် (စက်တင်ဘာ ၁၃) ရက်တွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

သက်ထားသူဇာသည် 2024 Paris Olympics ကိုဝင်နိုင်ရန်အတွက် လိုအပ်သည့် အမှတ်များစုဆောင်းနိုင်ရန် အကောင်းဆုံးကြိုးစားနေကြောင်းလည်း သိရသည်။

Photo – Badminton Photo Official


LEAVE A REPLY

Please enter your comment!
Please enter your name here