စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၌ လာမည့်လတွင် စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူရန် စီစဉ်နေ

0
232

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လာမည့် အောက်တိုဘာလတွင် စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူရန် တိုင်းဒေသကြီး အစိုးရအဖွဲ့က စီစဉ်နေကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမတွင် စက်တင်ဘာ (၁၁) ရက်က ပြုလုပ်သည့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း သန်းခေါင်စာရင်းကောက်ယူနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရခြင်း ဖြစ်သ ည်။

အဆိုပါ အစည်းအဝေးတွင် စမ်းသပ်သန်းခေါင်စာရင်းကောက်ယူရာ၌ ကြုံတွေ့လာနိုင်သည့် အခက်အခဲများကို ကြိုတင်ပြင်ဆင်ထားရန်နှင့် စမ်းသပ်သန်းခေါင်စာရင်းကို လာမည့်အောက်တိုဘာလအတွင်း ကောက်ယူနိုင်ရေး လုပ်ဆောင်သွားရန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ စမ်းသပ်သန်းခေါင်စာရင်းကို အောက်တိုဘာ (၁) ရက်မှ (၁၅) ရက်အထိ မုံရွာမြို့နယ်၊ ရပ်ကွက် (၂)ခုနှင့် ကျေးရွာ (၈)ရွာတွင် စတင်ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် လာမည့် ၂၀၂၄ ခုနှစ်တွင် ပြည်လုံးကျွတ် သန်းခေါင် စာရင်းကောက်ယူသွားမည့် အစီအစဉ်ရှိနေပြီး တိုင်း နှင့်ပြည်နယ်အချို့တွင် ရှေ့ပြေးအနေဖြင့် စမ်းသပ်သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် ရှိနေခြင်းလည်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here