အလုပ်အကိုင်အခွင့်အလမ်း ၁၅၀၀ ကျော်ရရှိမည့် စိုက်ပျိုးရေးလုပ်ငန်း ၃ ခုအား ကချင်ပြည်နယ်၌ ရင်းနှီးမြှုပ်နှံခွင့်ပြုထား

0
206

အလုပ်အကိုင်အခွင့်အလမ်း ၁၅၀၀ ကျော်ရရှိမည့် စိုက်ပျိုးရေးလုပ်ငန်း ၃ ခုအား ကချင်ပြည်နယ်၌ ရင်းနှီးမြှုပ်နှံခွင့်ပြုထားကြောင်း ကချင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီမှ သိရသည်။

အဆိုပါ ရင်းနှီးမြှုပ်နှံခွင့်ပြုထားသည့် စိုက်ပျိုးရေးလုပ်ငန်း ၃ ခုအား တရုတ်-မြန်မာ ဖက်စပ်ကုမ္ပဏီများဖြစ်သည့် Sanyaung Myanmar Investment နှင့် Sin Xin Myanmar Myit-kyina ကုမ္ပဏီတို့ကို သြဂုတ်လဆန်းပိုင်းမှစတင်ကာ လုပ်ကိုင်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကုမ္ပဏီ ၂ ခုသည် စိုက်ပျိုးရေးလုပ်ငန်းများအဖြစ် မက္ကဒေးမီးယား၊ပင်မှည့်၊ရော်ဘာတို့ကို စိုက်ပျိုးသွားမည်ဖြစ်ကာ မက္ကဒေးမီးယားနှင့်ပင်မှည့်လုပ်ငန်းအတွက် အမေရိကန်ဒေါ်လာ ၀ ဒသမ ၈၇၈ သန်းနှင့်ရော်ဘာလုပ်ငန်းအတွက် အမေရိကန်ဒေါ်လာ ၀ ဒသမ ၁၀ဝ သန်း(စုစုပေါင်း အမေရိကန်ဒေါ်လာ ဝ ဒသမ ၈၇၉ သန်း)ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်သည်။

မြန်မာနိုင်ငံထွက် မက္ကဒေးမီးယား၊ပင်မှည့်သီးများကို တရုတ်နှင့်ထိုင်းနိုင်ငံတို့က အဓိကဝယ်ယူလျက်ရှိပြီး တစ်ကီလိုလျှင် ငွေကျပ် ၂၈၀ဝ၀ ရရှိပြီး ရော်ဘာတန်ချိန်ပေါင်း၏ ၇၅ ရာခိုင်နှုန်းကိုလည်း တရုတ်နိုင်ငံမှဝယ်ယူလျက်ရှိကြောင်း သိရသည်။

Photo-WFF


LEAVE A REPLY

Please enter your comment!
Please enter your name here