ကျေးရွာ (၄) ရွာမှ ရေဘေးသင့်အိမ်ထောင်စု (၂၂၄) စုအတွက် ထောက်ပံ့ပစ္စည်းများအား ဧရာဝတီတိုင်း ဝန်ကြီးချုပ်ပေးအပ်

0
199

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်ရှိ ကျေးရွာ (၄) ရွာမှ ရေဘေးသင့် အိမ်ထောင်စု (၂၂၄) စုအတွက် ထောက်ပံ့ပစ္စည်းများကို ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးတင်မောင်ဝင်းမှ စက်တင်ဘာ (၁၁) ရက်မွန်းလွဲပိုင်းက ပေးအပ်ခဲ့သည်။

ဟင်္သာတမြို့နယ်အတွင်းရှိ ဖောင်ဆိပ်ကျေးရွာ၊ အုန်းတောကျေးရွာ၊ တာငုတ်ကျေးရွာနှင့် ငှက်ပျောတောကျေးရွာတို့မှ ရေဘေးသင့်အိမ်ထောင်စု (၂၂၄)စုအတွက်ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ခြင်းဖြစ်သည်။

ရေဘေးကယ်ဆယ်ရေး ထောက်ပံ့ပစ္စည်းများတွင် ဆေးဝါးအထောက်အကူပြု ပစ္စည်းများ၊ ဆန်၊ ဆီ၊ ဆား၊ကြက်သွန်၊ ကြက်ဥ၊‌‌ သောက်ရေသန့်များကို ထောက်ပံ့ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

ဧရာဝတီတိုင်း ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အိပ်ပျက်ကျေးရွာအုပ်စုရှိ ဖောင်ဆိပ်‌ကျေးရွာ၊ တာငုတ်ကျေးရွာနှင့် ငှက်ပျောတောကျေးရွာတို့၌ မြစ်ကမ်းပြိုကျနေမှု၊ တာကျိုးပေါက်မှုကြောင့် မြစ်ရေဝင်ရောက်နေမှုတို့ကိုလည်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here