အင်းစိန်မြို့နယ်တွင် အမျိုးသား (၂) ဦးထံမှ ငွေကျပ်သိန်း ၉၀၀၀ တန်ဖိုးရှိ စိတ်ကြွဆေးပြားများဖမ်းမိ

0
299

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်းရပ်ကွက်တွင် ယနေ့ စက်တင်ဘာ (၁၂)ရက် နံနက်ပိုင်းက အမျိုးသား (၂) ဦးထံမှ ငွေကျပ်သိန်း (၉၀၀၀) တန်ဖိုးရှိ စိတ်ကြွဆေးပြားများအားဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

ယနေ့ နံနက် (၆) နာရီခွဲခန့်က မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူး ပေါင်းအဖွဲ့သည် အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်းရပ်ကွက်၊ ရန်ကုန် – ပြည်လမ်း၌ စိုးလွင်(ခ)နူရွတ်နှင့် ချစ်ဝင်းကိုကို(ခ)နေဇာတို့အား ရှာဖွေစစ်ဆေးခဲ့ကြစဥ် ဖမ်းမိခဲ့ခြင်း ဖြစ်သည်။

ထိုသို့ စစ်ဆေးရာ ၎င်းတို့ (၂)ဦးထံမှ ငွေကျပ်သိန်း ၉၀၀၀ တန်ဖိုးရှိ စိတ်ကြွဆေးပြား (၉) သိန်းအား ဖမ်းဆီးရမိခဲ့သဖြင့် စစ်ဆေးမှုများပြုလုပ်ရာ ယင်းစိတ်ကြွဆေးပြားများအား သယ်ဆောင်ရောင်းဝယ်သူ မနန်းစင်လျှန်းကို တာမွေမြို့နယ်ရှိ အိုးရှင်းစင်တာတွင် ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

ထို့ကြောင့် ဖမ်းဆီးရမိသူများအား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရအမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here