စားသုံးဆီ အမြတ်တင် ရောင်းချ‌နေခြင်းကို အရေးကြီး ကုန်စည်ဥပဒေဖြင့် အရေးယူမည်ဟု ရန်ကုန်တိုင်း ဝန်ကြီးချုပ်ပြော

0
398

လက်လီဈေးကွက်အတွင်း စားသုံးဆီများကို သတ်မှတ်ဈေးနှုန်းထက် အမြတ်တင်ရောင်းချနေခြင်းကို အရေးကြီးကုန်ပစ္စည်းဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်မည်ဖြစ်ကြောင်းရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက ပြောကြားခဲ့သည်။

စက်တင်ဘာ (၁၁) ရက် နံနက်ပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ လုပ်ငန်းညှိနှိုင်း (၇/၂၀၂၃) အစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

တစ်မြို့နယ်လျှင် စားသုံးဆီ ခြောက်ပီပါအထိ တိုး၍ သင့်တင့်သောဈေးနှုန်းဖြင့် ရောင်းချပေးလျှက်ရှိရာ စားသုံး သူပြည်သူများ လက်ဝယ်အရောက် တိုက်ရိုက်ရောင်းချနိုင်ရေး တာဝန်ရှိသူ အဆင့်ဆင့်က ကြီးကြပ်ဆောင်ရွက်သွားရန်နှင့် ဈေးနှုန်းအမြတ်တင် ရောင်းချနေမှုများကိုလည်း အရေးကြီးကုန်ပစ္စည်း ဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်ရန် ၎င်းကပြောကြားခဲ့သည်။

ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်များရှိ မြို့နယ်များတွင် အစိုးရ၏လမ်းညွှန်မှုဖြင့် ဆီလုပ်ငန်းရှင်များ အသင်းမှ စားအုန်းဆီများ ရည်ညွှန်းဈေးအတိုင်း ရောင်းချပေးလျက်ရှိသည်။

ယင်းသို့ ရောင်းချရာတွင် တစ်အိမ်ထောင် (၅၀) ကျပ်သားနှုန်းကို လူဦးရေအများအပြား တန်းစီစောင့်ဆိုင်းကာ ဝယ်ယူနေရခြင်းလည်း ဖြစ်သည်။

ယခုတစ်ပတ်အတွက်  စက်တင်ဘာ (၁၁) ရက် မှ စက်တင် ဘာ (၁၇)ရက်အထိ စားအုန်းဆီ ရန်ကုန်အထိုင်ဈေး လက်ကားရည်ညွှန်းဈေးအဖြစ် တစ်ပိဿာ ၄၅၂၄ ကျပ် သတ်မှတ်ထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here