လစ်ဗျားရေကြီးရေလျှံမှုကြောင့်သေဆုံးသူ ငါးထောင်ကျော်အထိရှိလာ

0
313

လစ်ဗျားအရှေ့ပိုင်းတွင် မုန်တိုင်း ဒန်နီယယ် ကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ကာ လူသေဆုံးမှုငါးထောင်ကျော်ရှိလာခဲ့ပြီဖြစ်ကြောင်း သက်ဆိုင်ရာအာဏာပိုင်များကပြောကြားခဲ့သည်။

သေဆုံးသူထောင်ချီရှိလာသကဲ့သို့ ပျောက်ဆုံးနေသူလည်း တစ်သောင်းခန့်ရှိသည်ဟု ကယ်ဆယ်ရေးအဖွဲ့များကပြောကြားခဲ့သည်။

ဒါနာမြို့၌မူ သေဆုံးသူ ၂,၀၀၀ ခန့်ရှိနိုင်ကြောင်း လစ်ဗျားအရှေ့ပိုင်းဒေသမှ တာဝန်ရှိသူအရာရှိများကပြောကြားခဲ့ကြသည်။

မြေထဲပင်လယ်မုန်တိုင်း ဒန်နီယယ် ကြောင့်မိုးသည်းထန်စွာရွာသွန်းပြီး ရေလွှမ်းမိုးမှုများဖြစ်‌ပေါ်ကာ အဆိုပါဒေသတွင် ရေကာတာများပြိုကျပြီး ရပ်ကွက်တစ်ခုလုံးရေထဲမျောပါသွားခဲ့သည်ဟုလည်းဆိုခဲ့သည်။

Source : VOA

photo : AFP


LEAVE A REPLY

Please enter your comment!
Please enter your name here