မော်ရိုကိုငလျင်ဘေးသေဆုံးသူ ၂,၈၀၀ ကျော်ရှိလာ၊အသက်ရှင်နေသေးသူများအားကယ်တင်နိုင်ရေး အချိန်လုလုပ်ဆောင်နေရဟုဆို

0
217
A villager looks at destroyed houses in Douzrou on September 12, 2023, following a 6.8-magnitude earthquake. - Hopes dimmed in Morocco's search for survivors, four days after a powerful earthquake killed more than 2,800 people, most of them in remote villages of the High Atlas Mountains. (Photo by Fadel SENNA / AFP)

မော်ရိုကိုနိုင်ငံ၌ ငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူဦးရေမှာ ၂,၈၆၂ ဦးကျော်လာပြီဖြစ်ကြောင်း တာဝန်ရှိသူများကပြောကြားခဲ့ပြီး လူပေါင်း ၂,၅၆၂ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြကြောင်းလည်း မီဒီယာများ၌ဖော်ပြထားသည်။

ဆယ်စုနှစ် တစ်ခု ကျော်ကာလများအတွင်း အဆိုးရွားဆုံးငလျင်ဘေးနှင့်ရင်ဆိုင်ခဲ့ရသည့်အတွက် ဒေသခံပြည်သူများအနေဖြင့် ယနေ့အချိန်အထိနေအိမ်များသို့မပြန်နိုင်သေးဘဲ ဘေးလွတ်ရာ၌သာ ယာယီတဲထိုးနေထိုင်နေကြရ‌သည်ဟုလည်းအာဏာပိုင်များကဆိုသည်။

မော်ရိုကိုကယ်ဆယ်ရေးအဖွဲ့များသာမက စပိန်၊ဗြိတိန်နှင့်ကာတာနိုင်ငံများမှ စေလွှတ်ကူညီပေးထားသော ကယ်ဆယ်ရေးအဖွဲ့များပါပူးပေါင်းကာ အသက်ရှင်‌နေနိုင်သေးသူများကို အချိန်လုရှာဖွေကာကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေကြရသည်ဟုလည်းဆိုသည်။

သေဆုံးသူ ၂,၈၆၂ ဦးနှင့် ဒဏ်ရာရရှိသူ ၂,၅၆၂ ဦးအထိရောက်ရှိလာပြီဖြစ်သော်လည်း ရောက်ရှိရန်ခက်ခဲသောဒေသများတွင် ယခုအချိန်အထိ အပျက်အစီးများအောက်ပိတ်မိနေသေးသူများရှိနေသေးကာ သေဆုံးထိခိုက်ဒဏ်ရာရနှုန်းဆက်မြင့်တက်လာနိုင်သေးသဖြင့် ပျောက်ဆုံးနေသူအရေအတွက်အား သက်ဆိုင်ရာအာဏာပိုင်များက အတိအကျမထုတ်ပြန်သေးပေ။

စပိန်ကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင်ကမူ “ဝေးလံခေါင်သီပြီး ရောက်ရှိရန်ခက်ခဲခြင်းက သေဆုံးနှုန်းတိုးလာခြင်းရဲ့အဓိက အကြောင်းရင်းပါပဲ” ဟုဆိုကာ အဆိုပါကယ်ဆယ်ရေးအဖွဲ့၏ ပြန်ကြားရေးတာဝန်ခံကမူ “အသက်ရှင်နိုင်သူနည်းပေမဲ့ မျှော်လင့်ချက်ထားပြီး ရှာဖွေကယ်ဆယ်နေတုန်းပါပဲ” ဟုလည်းဆိုခဲ့သည်။

Source : WION

Photo : AFP


LEAVE A REPLY

Please enter your comment!
Please enter your name here