ပေါင်မြို့နယ်တွင် ပရဟိတလုပ်ငန်းများလုပ်ကိုင်နေသူတစ်ဦး ပစ်ခတ်ခံခဲ့ရ

0
355

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ရင်းငြိမ်တောင်ကျေးရွာတွင်နေထိုင်သည့် ပရဟိတလုပ်ငန်းများ လုပ်ကိုင်နေသူ ကိုကျားကြီး (၂၃) နှစ်သည် ယနေ့ စက်တင်ဘာ (၁၃) ရက်နံနက်ပိုင်းက သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရကြောင်း သိရသ ည်။

ယနေ့ နံနက် (၈) နာရီကျော်ခန့်တွင် ဆိုင်ကယ်မောင်းလာသည့် အမည်မသိအမျိုးသား (၂) ဦးက နေအိမ်မှထွက်လာသော ကိုကျားကြီးအား သေနတ်ဖြင့် ပစ်ခတ်၍ မောင်းနှင်ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဒီနေ့မနက် သေနတ်နဲ့ ပစ်ခံလိုက်ရတဲ့ ကိုကျားကြီးက ပရဟိတသမားတစ်ယောက်ပါ။ ကျောင်းဖွင့်ရက်တွေဆိုရင် ကလေးတွေ ယာဥ်အန္တရာယ်မရှိအောင် ကျောင်းရှေ့မှာသွားပြီး ကူညီပေးနေတာ။ တခြားကူညီပေးတာတွေလည်းလုပ်ပေးတယ်”ဟု ဒေသခံလူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြေသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ကိုကျားကြီး၏ ဘယ်ဘက်ပေါင်တွင် ကျည်ဖောက်ဝင်ဒဏ်ရာ(မစိုးရိမ်ရ) တစ်ချက်ရရှိခဲ့သည့်အတွက် ရင်းငြိမ်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here