နတ်မောက်မြို့နယ်တွင် ဆိုင်ကယ်ပေါ်မှ ပြုတ်ကျ၍ အမျိုးသမီးတစ်ဦးသေဆုံး

0
204

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ တံခွန်တိုင်ကျေးရွာတွင် ယနေ့ စက်တင်ဘာ (၁၃)ရက် နံနက်ပိုင်းက အမျိုးသမီးတစ်ဦး ဆိုင်ကယ်ပေါ်မှပြုတ်ကျကာ သေဆုံးခဲ့သည့်ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအသင်းများထံမှ သိရသည်။

ယနေ့ နံနက် (၉) နာရီခွဲကျော်ခန့်က နတ်မောက်မြို့ နယ်၊တံခွန်တိုင်ကျေးရွာရှိ ယူကလစ်တောအနီးတွင် မောင်းနှင်လာသောဆိုင်ကယ်သည် အရှိန်လွန်ကာ ဆိုင်ကယ်ပေါ်၌ လိုက်ပါလာသော အသက်(၅၃)နှစ်ခန့်ရှိ အမျိုးသမီးသည် ဆိုင်ကယ်ပေါ်မှ ပြုတ်ကျသွားခဲ့ကြောင်း သိရသည်။

ထိုသို့ ပြုတ်ကျရာတွင် ဦးခေါင်းဖြင့် လမ်းထိမိကာ ဦးခေါင်း၌ ဒဏ်ရာရရှိပြီး အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့သဖြင့် ဒေသခံလူမှုကူညီရေးအသင်းဝင်များက နတ်မောက်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here