ပဲမျိုးစုံအား ပြည်တွင်းဈေးကွက်တွင် ကြိုရောင်း၊ ကြိုဝယ်များကို အခြေခံကာ ဈေးကစားမှု မရှိစေရေးဆောင်ရွက်ရန်မှာကြား

0
286

စက်တင်ဘာ (၁၂) ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့၌ ပြုလုပ်သည့် မြန်မာနိုင်ငံ ပဲမျိုးစုံ၊ပြောင်းနှင့် နှမ်းသီးနှံများ ပြည်ပတင်ပို့မှု တိုးမြှင့်နိုင်ရေးနှင့် ပတ်သက်သည့် ညှိနှိုင်းဆွေးနွေးပွဲတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးကမှာကြားခဲ့ခြင်းဖြစ်သည်။

ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းများစိုက်ပျိုးထုတ်လုပ်မှု မြှင့်တင်ကာ ပြည်ပဈေးကွက်သို့ တိုးတက်တင်ပို့နိုင်ရေး၊ ပြည်တွင်းကောက်ပဲသီးနှံဈေးကွက်တည်ငြိမ်ရေး၊ ဆီထွက်သီးနှံဖြစ်သည့် နှမ်းနှင့် မြေပဲကို ပြည်တွင်း စားသုံးရန်၊ ထုတ်လုပ်မှုကို မထိခိုက်စေဘဲ ပြည်ပသို့ တင်ပို့နိုင်ရေးတို့အား မှာကြားခဲ့သည်။

ထို့ပြင် ပဲမျိုးစုံအားပြည်တွင်း ဈေးကွက်တွင် ကြိုရောင်း၊ကြိုဝယ်ပြုလုပ်ခြင်းကို အခြေခံကာ ဈေးကစားမှုများမရှိစေရေး၊ ပဲမျိုးစုံနှင့် နှမ်းများကို ပြည်ပသို့ တရားမဝင်တင်ပို့ခြင်းအား အစိုးရနှင့်လုပ်ငန်းရှင်များပူးပေါင်းတားဆီး ဆောင်ရွက်ရေး၊ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းစိုက်ပျိုးထုတ်လုပ်တင်ပို့မှု ပိုမိုတိုးတက်ရေးအတွက် စိုက်ပျိုးထုတ်လုပ်သူတောင်သူများ၊ ပို့ကုန်လုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များနှင့် ဌာနဆိုင်ရာ အဖွဲ့အစည်းများမှ ပူးပေါင်းဆောင်ရွက်သွားရေးကိုလည်း ဝန်ကြီးက မှာကြားခဲ့ကြောင်း သိရသည်။

ထို့နောက် မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆက်လက်ဆောင်ရွက်မည့်အစီအစဥ်များကို ပြည်ထောင်စုဝန်ကြီးအား တင်ပြဆွေးနွေးခဲ့ကြကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here