ထိုင်းနိုင်ငံတွင် တိုက်ခေါင်မိုးပေါ်မှ ပြုတ်ကျသေဆုံးခဲ့ရသည့် မြန်မာလုပ်သား၏ ဈာပနကို AAC မဟာမိတ်အဖွဲ့က ကူညီလုပ်ဆောင်ပေးမည်

0
274

ထိုင်းနိုင်ငံရှိ လုပ်ငန်းခွင်အတွင်း မြန်မာလုပ်သားမှာ တိုက်ခေါင်မိုးပေါ်က ပြုတ်ကျသည်ကို ထိုင်းနိုင်ငံသား လင်မယား (၂)ဦးမှ ဆေးရုံသို့မပို့ဘဲ လမ်းဘေး ချောင်းရေထဲ ပစ်ထားခဲ့မှုကြောင့် သေဆုံးခဲ့ရသည့် မြန်မာလုပ်သား၏ နာရေးကို AAC – မဟာမိတ်အဖွဲ့မှ တာဝန်ယူကာ သဂြိုလ်ပေးမည်ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံ နှစ်ခေါင်စဝမ် ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ တိုက်အမြင့်ပေါ်မှ ပြုတ်ကျခဲ့သည့် မြန်မာလုပ်သားကို အလုပ်ရှင်မှ ဆေးရုံမပို့ဘဲ လမ်းဘေးရှိ ချောင်းအတွင်းသို့ သွားရောက် စွန့်ပစ်ခဲ့သည့်အတွက် အဆိုပါ မြန်မာလုပ်သားမှာ သေဆုံးသွားခဲ့ရ ခြင်းဖြစ်သည်။

သေဆုံးခဲ့သည့် အသက် (၃၀) အရွယ် မြန်မာလုပ်သား ကိုမင်းဇော်ဦး နာရေးကို မဟာချိုင် ဝပ်စီမွန်ထိုင်းဘုန်းကြီးကျောင်းတွင် AAC မဟာမိတ်အဖွဲ့နှင့် ရွှေဝါရောင်မျိုးဆက်သစ်လူငယ်များ ထောက်ပို့ပရဟိတအသင်းမှ ဦးဆောင်တာဝန်ယူကာ နာရေးကိစ္စလုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။

သေဆုံးသူ ကိုမင်းဇော်ဦးမှာ ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ ညောင်ဝိုင်းကျေးရွာတွင်နေထိုင်သူဖြစ်ပြီး ထိုင်းတွင် အလုပ်လုပ်ကိုင်နေစဉ် စက်တင်ဘာ (၅) ရက်က သေဆုံးခဲ့ခြင်း ဖြစ်သည်။

၎င်း၏ ရုပ်အလောင်းကို စက်တင်ဘာ (၈) ရက်တွင် လမ်းဘေးရှိ ချောင်းအတွင်းမှ ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာလုပ်သား ကိုမင်းဇော်ဦးကို ဆေးရုံသို့ မပို့ဘဲ လမ်းဘေးရှိ ချောင်းရေထဲသို့ စွန့်ပစ်ခဲ့သည့် ထိုင်းနိုင်ငံသား လင်မယား (၂) ဦးကိုလည်း AAC မဟာမိတ်အဖွဲ့မှ ထိုင်းအာဏာပိုင်များထံ အမှုဖွင့် တိုင်ကြားထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here