စင်္ကာပူနှင့်တရုတ်တို့ ပူးပေါင်းစစ်ရေးလေ့ကျင့်မှုပြုလုပ်

0
355

စင်္ကာပူ၊စက်တင်ဘာ ၁၂

စင်္ကာပူနှင့်တရုတ်နိုင်ငံတို့သည် စက်တင်ဘာ ၁၂ ရက် အင်္ဂါနေ့တွင် ပူးတွဲစစ်ရေးလေ့ကျင့်မှု၏ပိတ်ပွဲအခမ်းအနားကိုကျင်းပခဲ့ကြောင်းသိရသည်။

စင်္ကာပူတပ်မတော်နှင့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) တို့သည် စက်တင်ဘာ ၅ ရက်မှစက်တင်ဘာ ၁၄ ရက်အထိ စင်္ကာပူနိုင်ငံတွင် စစ်ရေးလေ့ကျင့်မှုများပြုလုပ်‌နေကြခြင်းဖြစ်သည်။

ယခုစစ်ရေးလေ့ကျင့်မှုသည် ကိုဗစ်ကာလအပြီးတွင် ပထမဆုံးပြန်လည်ပြုလုပ်သည့် စစ်ရေးလေ့ကျင့်မှုတစ်ခုလည်းဖြစ်သည်ဟုဆိုသည်။

ယခုနှစ်လေ့ကျင့်မှုမှာ မြို့ပြအကြမ်းဖက်မှုနှိမ်နင်းရေးစစ်ဆင်ရေးဖြစ်ပြီး တပ်နှစ်ဘက်စစ်တပ်များသည် တပ်ရင်းအဆင့်ကွပ်ကဲမှု၏အောက်တွင် လေ့ကျင့်ခန်းများပြုလုပ်ကာ ကယ်ဆယ်ရေးဆိုင်ရာအပါအဝင် အကြမ်းဖက်မှုနှိမ်နင်းရေး လုပ်ငန်းများကိုအပြန်အလှန်‌လေ့ကျင့်မှုများပါဝင်ခဲ့သည်ဟုလည်းသိရသည်။

Source : CNA


LEAVE A REPLY

Please enter your comment!
Please enter your name here