YONEX-SUNRISE VIETNAM OPEN 2023 တွင် ၁၆ ဦးအဆင့်သို့တက်ရောက်သွားသည့် သက်ထားသူဇာ

0
342

မြန်မာ့ကြက်တောင်အားကစားမယ် သက်ထားသူဇာသည် YONEX-SUNRISE VIETNAM OPEN 2023 တွင် ၁၆ ဦးအဆင့်သို့တက်ရောက်သွားပြီဖြစ်ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲကို ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့တွင် စက်တင်ဘာ ၁၂ ရက်မှ ၁၇ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ဆုကြေးအဖြစ် အမေရိကန်ဒေါ်လာ ၁ သိန်း ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့အဆင့် (၅၀) ရှိ သက်ထားသူဇာသည် အဆိုပါပြိုင်ပွဲတွင် ၃၂ ဦးအဆင့်တွင် ကမ္ဘာ့အဆင့် (၇၁) ရှိ အိန္ဒိယနိုင်ငံသူ Gadde Ruthvika Shivani နှင့် ယနေ့ (စက်တင်ဘာ ၁၃) ရက်တွင် ယှဉ်ပြိုင်ကစားရာ ၂၁ မှတ် ၈ မှတ်၊ ၂၁ မှတ် ၁၅ မှတ်ဖြင့် ၂ ပွဲဆက် အပြတ်သတ်အနိုင်ယူနိုင်ခဲ့သည်။

သက်ထားသူဇာသည် ၁၆ ဦးအဆင့်တွင် ကမ္ဘာ့အဆင့် (၈၅) ရှိ အိန္ဒိယကြက်တောင်‌မယ် Aditi Bhatt နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။

File Photo


LEAVE A REPLY

Please enter your comment!
Please enter your name here