လှိုင်သာယာမြို့နယ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး လက်ပစ်ဗုံးဖြင့်ပစ်ပေါက်ခံရ၊ ပေါက်ကွဲမှုမဖြစ်ခဲ့

0
250

စက်တင်ဘာ ၁၃ ရက်ညပိုင်းက ရန်ကုန်တိုင်း၊လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊အမှတ်(၈)ရပ်ကွက်၏ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား လက်ပစ်ဗုံး ၂ လုံးဖြင့်ပစ်ပေါက်ခံခဲ့ရ‌ကြောင်း သိရသည်။

ယမန်နေ့ည ၇ နာရီကျော်ခန့်က ဆိုင်ကယ်မောင်းနှင်လာသည့် အမည်မသိအမျိုးသား ၂ ဦးသည် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊အမှတ်(၈)ရပ်ကွက်၊ဦးပုညလမ်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့သို့ရောက်ရှိလာကာ လက်ပစ်ဗုံး ၂ လုံးဖြင့်ပစ်ပေါက်၍ မောင်းနှင်ထွက်ပြေးသွားခဲ့ကြသည်။

အဆိုပါ လက်ပစ်ဗုံးများသည် ရုံးဝင်းအတွင်းနှင့်ရုံးရှေ့ခြံပေါက်ဝတို့တွင်ကျရောက်ခဲ့သော်လည်း စနက်တံဖြုတ်ထားခြင်းမရှိသဖြင့် ပေါက်ကွဲမှုမဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် လုံခြုံရေးအဖွဲ့ဝင်များက လက်ပစ်ဗုံး ၂ လုံးအား စနစ်တကျဖယ်ရှားရှင်းလင်းပေးခဲ့ကြပြီး ပြစ်မှုကျူးလွန်သူ ၂ ဦးအား ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here