(၂၀)ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေး၏ ဆွေးနွေးညှိနှိုင်းသဘောတူညီချက်များအား အတည်ပြုလက်မှတ်ရေးထိုး

0
368

မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် ဒုတိယအကြိမ်ကျင်းပသည့် (၂၀)ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေး၏ ဆွေးနွေးညှိနှိုင်းသဘောတူညီချက်များအား အတည်ပြုလက်မှတ်ရေးထိုးခဲ့ကြသည်။

အစည်းအဝေးအား မြန်မာနိုင်ငံမှအိမ်ရှင်အဖြစ်လက်ခံ၍ စက်တင်ဘာ ၁၃ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၁)၌ ကျင်းပခဲ့သည်။

အစည်းအဝေးတွင် သဘာပတိကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်က အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားပြီးနောက် မြန်မာနိုင်ငံအပါအဝင် တက်ရောက်လာကြသည့် ဘရူနိုင်း၊ကမ္ဘောဒီးယား၊လာအို၊ထိုင်းနှင့်ဗီယက်နမ်နိုင်ငံတို့မှ လေတပ်ဦးစီးချုပ်များက “ASEAN Air Forces’ Cooperation for Sustainable Environment” အကြောင်းအရာအား ဆွေးနွေးခဲ့ကြသည်။

ထို့အတူ ဖိလစ်ပိုင်နှင့်စင်္ကာပူနိုင်ငံတို့မှ လေတပ်ဦးစီးချုပ်များကလည်း Video Message ပေးပို့၍ ပါဝင်ဆွေးနွေးခဲ့ကြပြီးနောက် သီးခြားဆွေးနွေးလိုသောအချက်များအား ထပ်မံဆွေးနွေးခဲ့ကာ (၂၀)ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေး၏ ဆုံးဖြတ်ချက်များအား အတည်ပြုခဲ့ကြသည်။

ထို့နောက် (၂၀)ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေး၏ ဆွေးနွေးညှိနှိုင်းသဘောတူညီချက်များအား အတည်ပြုလက်မှတ်ရေးထိုးကာ (၂၁)ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေးတွင် အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်မည့် ကမ္ဘောဒီးယားနိုင်ငံလေတပ်ဦးစီးချုပ် Gen.Soeung Samnang ထံ ဥက္ကဋ္ဌတာဝန်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here