လျှပ်စစ်သုံးမော်တော်ယာဉ် အစီးရေ (၃၀) မြန်မာ့စက်မှုဆိပ်ကမ်းသို့ ထပ်မံရောက်ရှိလာ

0
199

အမျိုးသားအဆင့် လျှပ်စစ်သုံး မော်တော်ယာဉ်နှင့် ဆက်စပ်လုပ်ငန်များ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ ၏ ခွင့်ပြုချက်ဖြင့် တင်သွင်းလာသည့် တရုတ်နိုင်ငံထုတ် HONGQI EQM5 (Sedan) အမျိုးအစား EV လျှပ်စစ်သုံးမော်တော်ယာဉ် အစီးရေ (၃၀) မြန်မာ့စက်မှု ဆိပ်ကမ်း (MIP) သို့ ထပ်မံရောက်ရှိလာကြောင်း အကောက်ခွန်ဦးစီးဌာနက ထုတ်ပြန်ထားသည်။

အဆိုပါ ရောက်ရှိလာသည့် လျှပ်စစ်ကားများကို သတ်မှတ်လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ပြီး ထုတ်ယူခွင့်ပြုခဲ့ကြောင်းလည်း သိရသည်။

ထို့ပြင် AIMA အမျိုးအစား EV လျှပ်စစ်သုံးဘီး ဆိုင်ကယ်များနှင့် EV အားသွင်းစက်များလည်း မြန်မာအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း (သီလဝါ) (MITT)နှင့် ရန်ကုန်ဆိပ်ကမ်းတို့ကို အသီးသီး ရောက်ရှိလာကြောင်း သိရသည်။

လက်ရှိတွင် Pilot Project ဖြင့် EV လျှပ်စစ်သုံးမော်တော်ယာဥ်များကို တင်သွင်းနေခြင်းဖြစ်ပြီး လက်ရှိ EV ကားပေါက်ဈေးသည် ကျပ်သိန်း (၁၀၀၀) ဝန်းကျင်အထိ ဈေးမြင့်လာနေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here