YONEX-SUNRISE VIETNAM OPEN 2023 တွင် ကွာတားဖိုင်နယ်သို့တက်ရောက်သွားသည့် သက်ထားသူဇာ

0
280

မြန်မာ့ကြက်တောင်အားကစားမယ် သက်ထားသူဇာသည် YONEX-SUNRISE VIETNAM OPEN 2023 တွင် ကွာတားဖိုင်နယ်အဆင့်သို့တက်ရောက်သွားပြီဖြစ်ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲကို ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့တွင် စက်တင်ဘာ ၁၂ ရက်မှ ၁၇ ရက်အထိ ကျင်းပနေခြင်းဖြစ်ပြီး ဆုကြေးအဖြစ် အမေရိကန်ဒေါ်လာ ၁ သိန်း ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့အဆင့် (၅၀) ရှိ သက်ထားသူဇာသည် အဆိုပါပြိုင်ပွဲတွင် ၃၂ ဦးအဆင့်တွင် ကမ္ဘာ့အဆင့် (၇၁) ရှိ အိန္ဒိယနိုင်ငံသူ Gadde Ruthvika Shivani ကို၂၁ မှတ် ၈ မှတ်၊ ၂၁ မှတ် ၁၅ မှတ်၊ ၁၆ ဦးအဆင့်တွင် ကမ္ဘာ့အဆင့် (၈၅) ရှိ အိန္ဒိယကြက်တောင်‌မယ် Aditi Bhatt ကို ၂၁ မှတ် ၁၄ မှတ်၊ ၂၃ မှတ် ၂၁ ဖြင့် အနိုင်ရခဲ့ပြီး ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်သွားခဲ့ခြင်းဖြစ်သည်။

သက်ထားသူဇာသည် ကွာတားဖိုင်နယ်တွင် ကမ္ဘာ့အဆင့် (၁၀၇) ရှိ ဂျပန်ကြက်တောင်မယ် Shiori Saito နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။

File Photo


LEAVE A REPLY

Please enter your comment!
Please enter your name here